နပန်းမင်းသားကြီးလို့ အသိများတဲ့ The Rock ဟာ WWEရဲ့ ခါးပတ်ချန်ပီယံ ဖြစ်ခဲ့ပြီး 2002ခုနှစ်မှာ " The Scorpion King " ဇာတ်ကားနဲ့ ပွဲဦးထွက်အောင်မြင်မှု ရရှိခဲ့တာပြီး ယခုမှာတော့ ကမ္ဘာ့ပေါ်က အနပညာကြေးအများဆုံးရရှိသူဖြစ်ပါတယ်။ နာမည်ရင်းမှာ Dwayne Douglas Johnson ဖြစ်ပြီး The Rock လို့လဲ သိကြပါတယ်။ 1972 ခုနှစ်, May 2 နေ့ အမေရိကန်ပြည်ထောင်စု California ပြည်နယ် Hayward မှာ မွေးဖွားခဲ့ပြီး ခုဆိုရင်တော့ အသက် (၄၆)နှစ် ရှိပါပြီ။

ယနေ့မှာတော့ The Rockကတော့ 17နှစ်ကြာ ညီအကိုလိုခင်ရတဲ့ သူငယ်ချင်းကြီးကို Ford F 150ကားသစ်ကြီး လက်ဆောင်ပေးခဲ့ပါတယ်။ အဆိုပါFord F 150ကားသစ်ကြီးနောက်ဆုံးပေါ်ကားသစ်ကြီး ဖြစ်ပြီး ကမ္ဘာ့ပေါ်က ဈေးအကြီးဆုံးကားအမျိုးအစားတွေထဲမှာလဲ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။အမေရိကန်ရဲ့ ချမ်းသာတဲ့ အနပညာရှင်တွေ စီးပွားရေး သမားတွေသာစီးလေ့ရှိတဲ့ Ford F 150ကားသစ်ကြီးကို လက်ဆောင်အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။

The Rockရဲ့ stunt ပြကွက်တွေမှာ the rockရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းကတော့ The Rockနဲ့ ၁၇နှစ်ကြာအလုပ်တူတူလုပ်ရင်း ညီအကို ခင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ the rockကတော့ " ငါအရမ်းခင်ရတဲ့ သူငယ်ချင်းကြီးရေ ငါရဲ့ SURPRISEကြောင့် မင်းပျော်ရွင်ပါစေ " လို့ ပြောထားပါတယ်။ The Rockနဲ့သူ့သူငယ်ချင်းတို့ဟာ ညီအကို ထင်မှတ်ရလောက်အောင် ရုပ်ချင်းဆင်သူတွေ ဖြစ်ပါတယ်။

source: LADbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။