ကွင်းဆက်တရားခံအောင်ဝင်းဇော်ရဲ့သာကေတရှိ နေအိမ်ကိုတိုင်းရဲ

တပ်ဖွဲ့ကတိုက်ရိုက် စောင့်ကြည့်နေ

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုရဲ့ ကွင်းဆက်တရားခံအဖြစ်် ဖမ်းဆီးခံထား

ရသူ အောင်ဝင်းဇော်ရဲ့သာကေတမြို့နယ်(၁)ထူပါရုံရပ်ကွက် ထူပါရုံ၁၆လမ်း

အရှေ့ရှိ နေအိမ်ကို တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် လာရောက်စောင့်ကြည့်

နေတယ်လို့သိရပါတယ်။

-

အဆိုပါထူပါရုံ၁၆ လမ်း ရှိနှစ်ထပ်တိုက်ဟာ အောင်ဝင်းဇော်ရဲ့ နေအိမ်

ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောပါတယ်။

အောင်ဝင်းဇော်ရဲ့နေအိမ်ကိုရဲအင်အားအပြည့်အစုံနဲ့လာရောက််စစ်ဆေး

မှုများပြုလုပ်ပြီးတဲ့နောက်မှာ နောက်ပိုင်းမှာသော့ခတ်ထားတာဖြစ်တယ်လို့ ထူပါရုံ ၁၆လမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

-

အဆိုပါနေအိမ်ကို လွန်ခဲ့တဲ့ ၄ရက် ၅ရက်မှာ ရဲများ စစ်ဆေးမှုများပြုလုပ်ခဲ့

တာဖြစ်တယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေါ်မေရီက ပြောပါတယ်။

‘’ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မရှိဘူး။မိသားစု ၃ယောက် ရှိတယ်။ကားနဲ့ ပဲ ဝင်ထွက်တာလုပ်တယ်။အမြဲ သော့ပိတ်ထားတယ်။”လို့ ဒေါ်မေရီက ပြောပါတယ်။

-

ပတ်ဝန်းကျင် နဲ့ အဆက်အဆံ မရှိပဲ အရင်က မြေကွက်လပ်နေရာကို လွန်ခဲ့တဲ့ နှစ် နှစ်ကျော် သုံးနှစ်နီးပါး လောက် မှ အိမ်ဝယ်ပြီး ဆောက်ခဲ့တာဖြစ်တယ်လို့ ဒေါ်မေရီက ဆက်ပြောပါတယ် ။အဆိုပါ ကွင်းဆက်တရားခံ အောင်ဝင်းဇော်

ရဲ့ နေအိမ်ကို ရဲများ ဝင်ရောက် စစ်ဆေးတာ စောင့်ကြည့်တာနဲ့ ပတ်သတ်ပြီး သာကေတမြို့မရဲစခန်းအနေနဲ့ မသိရှိခဲ့ဘူး လို့ ရဲမှူး ကျော်ဝင်းကပြောပါတယ်။

-

“တိုင်းရုံးက ပဲ လုပ်ဆောင်တာ။စခန်းအနေနဲ့ မသိရှိဘူး။”လို့ ရဲမှူးကျော်ဝင်းကပြောပါတယ်။ အောင်ဝင်းဇော်ရဲ့နေအိမ် မှာ အသက် ၄၂နှစ်

အရွယ်ဇနီးဖြစ်သူနဲ့ အသက် ၁၉နှစ်အရွယ် သားတစ်ဦးတို့ နဲ့ နေထိုင်

တာကြတာဖြစ်တယ်လို့ သိရပါတယ်။

-

ဇန်နဝါရီလ ၃၀ ရက်နေ ့က ဦးကိုနီ လုပ် ကြံခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်

ဆိုတဲ့ တရားခံလို ့ယူဆရသူ ဦး အောင်ဝင်းဇော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်

လို ့ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီိလ ၃ ရက်နေ ့မှာ သတင်းထုတ်ပြန်

ကြေညာထားပါတယ်။

Source ကုမုဒြာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။