အသက် (၁၈)နှစ်နောက်ပိုင်း အရပ်ရှည်စေဖို့ အကောင်းဆုံးနည်းလမ်း(၇)ခု

(၁၈)နှစ်ပြည့်ပြီး မျှော်လင့်ချက်ကုန်ဆုံးသွားပြီလိုတော့ မသတ်မှတ်လိုက်ပါနဲ့။ ကြိုးစားရင် ဖြစ်နိုင်ပါသေးတယ်။ အောက်ကနည်းလမ်းလေးတွေက ကူညီပေးပါလိမ့်မယ်။

(၁)သင့်တော်တဲ့ အာဟာရဓာတ်များ ရွေးချယ်စားသုံးပါ။

အစားအသောက်က ခန္ဓာကိုယ်ကြီးထွားမှုအတွက် အထောက်အပံံ့ပေးနိုင်ဆုံးပါပဲ။ အရပ်ရှည်ဖို့အတွက်ဆိုရင် ပရိုတိန်း၊ကာဗွန် ဟိုက်ဒြိတ် ၊ကယ်လ်စီယမ်၊ဗီတာမင် ဒီပါတဲ့ အစားအစာတွေကို ရွေးချယ်ပြီး စားသောက်ပေးပါ။နိုထွက်ပစ္စည်းအမျိုးမျိုး၊ပဲနဲ့ဗီတာမင်များစွာပါတဲ့ ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးပါ။

(၂)လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ကိုယ်က အရပ်ရှည်ချင်မှတော့ အပင်ပန်းတော့ ခံနိုင်ရမှာပေါ့နော်။အစမှာတော့ တက်ကြွပြီး ၂ရက်၊၃ရက်လောက်လုပ်၊ တစ်ကိုယ်လုံးနာလာလို့ဆိုပြီး လက်လျှော့တာမျိုးတော့ မလုပ်ပါနဲ့။ပုံမှန် ဇွဲရှိရှိနဲ့လုပ်သွားပါ။အပြေး၊အခုန်၊ရေကူး၊ဘတ်စ်ကတ်ဘောကစားတာမျိုးက အရိုးကြီးထွားဖို့ အသင့်တော်ဆုံးပါ။

(၃)အိပ်ချိန် လုံလုံလောက်လောက်နဲ့ သက်တောင့်သက်သာလုပ်ပါ။

အိပ်ချိန်မပြည့်တာလည်း အရပ်ရှည်ဖို့ နှောင့်နှေးစေပါတယ်။(၈)နာရီအပြည့်အဝအိပ်ပေးပါ။အိပ်တဲ့အခါမှာလည်း သက်တောင့်သက်သာဖြစ်အောင် ပက်လက်အိပ်ပါ။ ဒူးခေါင်းအောက်မှာ ခွခေါင်းအုံးဖြစ်ဖြစ် ခေါင်းအုံးအသေးလေးဖြစ်ဖြစ် ခံအိပ်ပါ။

(၄)စမတ်ကျကျနေပါ။

စမတ်ကျကျနေဆိုတာက ထိုင်တဲ့အခါမှာဖြစ်ဖြစ် မတ်တပ်ရပ်တဲ့အခါဖြစ်ဖြစ် ကုန်းနေတာမျိုး၊ကိုင်းနေတာမျိုးတွေ မလုပ်ဖို့ပါ။အဲ့ဒါက အရိုးကြီးထွားဖို့ကို နှောင့်နှေးစေပါတယ်။

(၅)ဆေးလိပ်၊အရက်ရှောင်ပါ။

ဆေးလိပ်၊ အရက်ကတော့ အရပ်ရှည်ဖို့အတွက် အကြီးမားဆုံးရန်သူပါ။ ခန္ဓာကိုယ်ကြီးထွားစေတဲ့ဆဲလ်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

(၆)ဆွဲဆန့်ပါ။

အိပ်ယာကနိုးတဲ့အခါလည်း အကြောဆန့်ပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းကို အသားပေးပါ။ပျင်းတဲ့အခါ အကြောဆန့်တာလည်း အရပ်ရှည်စေပါတယ်။ စနစ်တကျဆိုရင်တော့ ယောဂနည်းနဲ့ ဆွဲဆန့်တာက ပိုကောင်းပါတယ်။ေ

(၇)နေရောင်ထဲထွက်ပါ။

မနက်စောစော နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။(နေ့လည်ပိုင်း နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည် များတဲ့အတွက် အသားအရေ ပျက်စီးနိုင်ပါတယ်။)အရပ်ရှည်စေဖို့ လိုအပ်တဲ့ ဗီတာမင်ဒီက နေရောင်ခြည်ကလည်း ရရှိနိုင်ပါတယ်။

Source: Health Fix

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။