မန်စီးတီးတိုက်စစ်မှူး အဂူရိုကိုခေါ်ယူရန် ချယ်ဆီးအသင်းဟာ စောင့်ကြည့်နေပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမားအဂူရိုဟာ နောက်ဆုံး၂ပွဲမှာ အရံခုံထိုင်ခဲ့ရပြီး သူ့အနာဂါတ်ဟာ မန်စီးတီးအသင်းအပေါ်မှာမူတည်နေတယ်လို့ဖြေကြားထားပါတယ်။

လေဗာကူဆင်ရဲ့ ဖရီးကစ်ဘုရင် ကာနာဟိုဂလူဟာ ချယ်ဆီးကစားသမားဖြစ်ချင်တယ်လို့ ဖွင့်ဟနေပါတယ်။ ကာနာဟိုဂလူကိုလည်း

ချယ်ဆီးကခေါ်ယူဖို့ရှိနေတယ်လို့ သိရပါတယ်။

မနေ့ကကစားခဲ့တဲ့ ဂျူဗင်တပ် အင်တာမီလန်ပွဲစဉ်ကို ချဲလ်ဆီးနည်းပြကွန်တီက သွားရောက်အားပေးခဲ့ပြီး အငှားချထားတဲ့ ကစားသမား ကွာဒရာဒ်ိုက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဟာဇက်က အာဆင်နယ်နှင့်ပွဲအပြီးမှာ သူ့ရဲ့လက်ရှိခြေစွမ်းဟာ သူ PFA အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ၂၀၁၅ ခုနှစ်ကထက် ပိုပြီးကောင်းမွန်လာခဲ့ပြီ လို့ ပြောကြားလိုက်ပါတယ်။

ဘန်လေကစားသမား မိုက်ကယ်ကိန်းက ချယ်ဆီးနဲ့ပွဲစဉ်မှာ သူတို့ အိမ်ကွင်းကစားပုံကြောင့် ချယ်ဆီးကို အနိုင်ကစားပြီး ချန်ပီယံလမ်းကြောင်းကို ဟန့်တားနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။