ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရာမှာတော့ မန်ယူအသင်းဟာ လက်ရှိချန်ပီယံလက်စတာအသင်းကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ

နိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကိုတော့ ကွင်းလယ်ကစားသမား မစ်ခီတာရန်းက ပွဲချိန် ၄၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာပဲ ဇလာတန်က ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဇလာတန်ဟာ အဆိုပါဂိုးဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ၁၅ဂိုးမြောက်ဂိုးဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၄၈ မိနစ်မှာတော့ မာတာနဲ့ မစ်ခီတာရန်းတို့ နှစ်ယောက်ဟာ တူး ၀မ်းရိုက်ပြီး မာတာက အဆုံးသတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီနိုင်ပွဲရလဒ်ကြောင့် မန်ယူအသင်းဟာ ၄၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး လက်စတာကတော့ ၂၁ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

ပွဲအပြီးမှာတော့ လက်စတာနည်းပြ ရိုင်နရီကတော့ ဒီပြိုင်ပွဲမှာ သူ့ကစားသမားတွေ ယုံကြည်မှု သိပ်မရှိသလို ဖြစ်နေတယ်လို့ ပြောဆိုသွားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။