စေ့စပ်ထားပြီးဖြစ်တဲ့ ကမ္ဘာကျော်စုံတွဲ Justin Bieber နဲ့ Hailey Baldwin စုံတွဲ ဟာ လက်ရှိမှာ ပရိသတ်နဲ့ မီဒီယာတွေရဲ့ စိတ်ဝင်စားဆုံး အများဆုံးနဲ့ Hot အဖြစ်ဆုံး စုံတွဲလို့ ဆိုရမှာပါ။ သူတို့ရဲ့ အချစ်ပုံရိပ်တွေဟာ မနာလိုလောက်အောင် မကြာခဏဆိုသလို မီဒီယာတွေမှာ ဖော်ပြခံနေရဆဲ ဖြစ်သလို လူမြင်ကွင်း နဲ့ ပြည်သူပိုင်နေရာတွေမှာ နှစ်ဦးသား စိတ်လွတ်ကိုယ်လွတ်နဲ့နေတတ်သူတွေလို့ ဆိုရမှာပါ။

သူတို့နှစ်ဦးဟာ တကယ့်ကို ရူးရူးမူးမူးနဲ့ မခွဲနိုင်အောင် ချစ်နေကြဆိုတာ သေလျာနေတဲ့ အချက်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ ကအချစ်ပုံရိပ်တွေထဲက တစ်ခုဖြစ်တဲ့ ဇူလှိုင်လ (၂၆) ရက်နေ့က DATE လုပ်ခဲ့တဲ့ ပုံတွေထဲကမှ အနည်းငယ်ဆိုးဝါးတဲ့ ပုံတချို့ ပြန်လည်ထွက်ရှိလာခဲ့ပြီးမြက်ခင်းပြင်တစ်ခုမှာ နှစ်ဦးသား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ အနမ်းတွေခြွေကာ ကျီစယ်နေခဲ့ပါတယ်။

New York မြို့ကြီးရဲ့ South Street Seaport အနီးတဝိုက်မှာ ရှိတဲ့ ရုပ်ရှင်ရုံတစ်ရုံမှာ Movie Date လုပ်ခဲ့ကြပြီး အပြန်မှာ cafe ဆိုင် တစ်ခုဝင်လို့ ကော်ဖီသောက်ရင်း Justin Bieber ရဲ့ ရင်ခွင်ထဲမှာ ပူစီကြောင်မလေးတစ်ယောက်လို Hailey Baldwin ချွဲနေခဲ့ပုံလေးတွေဟာ အတော်လေး ရိုမန့်တစ် ဆန်တယ်လို့ဆိုစမှတ်ပြုခဲကြပေမဲ့လည်း အဲ့နေ့ က မြက်ခင်းပြင်တစ်ခု မှာ နေချင်တိုင်းနေကာ ချောင်းပြီး ခိုးရိုက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံတစ်ချို့ကိုတော့ပရိတသ်တွေက ဝေဖန်စရာဖြစ်နေခဲ့ပါတယ်။

source:http://www.justjaredjr.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။