လက်ရှိအနုပညာလောကမှာ နာမည်ရပြီး ပရိသတ်ချစ်ခင်မှုကို များစွာရရှိပိုင်ဆိုင်သူတွေထဲမှာတော့ရွှေပိုးအိမ်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ပရိသတ်တွေကို အပြုံးလေးတွေနဲ့နှုတ်ဆက်လေ့ရှိပြီးသူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်တွေကိုအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးတွေကို အမြဲဝတ်ဆင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်းအမျှဝေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း သူမက ပရိသတ်တွေကို မြန်မာဆန်ဆန်ဝတ်ရင် ပိုချစ်မှာလား...ဆိုတဲ့စာသားလေးနဲ့ မြန်မာဆန်ဆန်ဓာတ်ပုံလေးတွေ တင်လိုက်တာပဲဖြစ်ပါတယ်။

မြန်မာဆန်တဲ့ သူမရဲ့အလှကတကယ့်ကို နန်းဆန်လို့နေပါတယ်။ယဉ်ယဉ်လေးနဲ့ လှနေတဲ့ သူမရဲ့အလှကမြင်ရသူပရိသတ်တွေတိုင်း သဘောကျမိမှာတော့ အမှန်ပါပဲ ပရိသတ်ကြီး ရေ။သူမကို ချစ်တဲ့ ပရိသတ်တွေအတွက်ရွှေပိုးအိမ်ရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်.....

သတင်းအရင်းအမြစ်-ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။