ပြီးပြည့်စုံတဲ့မိသားစုဘဝလေးနဲ့အေးချမ်းစွာဖြတ်သန်းနေတဲ့အဆိုတော်မိုးမိုးတစ်ယောက်ကတော့ သြဂုတ်လရဲ့အစကိုကံကောင်းခြင်းတွေနဲ့စတင်လိုက်ပါတယ်။အကြောင်းကတော့အင်မတန်ကံ ကောင်းစွာနဲ့ အောင်ဘာလေသိန်းဆုကြီးကို ဒီလမှာဆူးခူးခဲ့လို့ပဲဖြစ်ပါ တယ်။မိုးမိုးကိုကံကောင်းခြင်းတွေနဲ့သိန်းဆုကြီးရဲ့ ထီလက်မှတ်လေးကိုရွေးပေးခဲ့တဲ့သူလေးကတော့ ချစ်စရာကောင်းတဲ့မိုးမိုးရဲ့ သမီးလေး မိုးအိပ်လွှာက ရွေးပေးခဲ့တာပဲဖြစ်ပါတယ်နော်။  

သမီးလေးနဲ့ဖေဖေမိုးမိုးတို့ကတော့ တကယ့်ကိုထီကံစပ်တဲ့ ကံထူးသူလေးတွေလို့ဆိုရပါမယ်။မိုးမိုးကတော့သမီးလေးရွေးပေးတဲ့ထီလက်မှတ်လေးကနေ အောင်ဘာလေထီ (၁)သိန်းဆုကြီး ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။မိုးမိုးတစ်ယောက်ကတော့ ထီပေါက်တဲ့ ဆုငွေထက်သမီးလေးရဲ့ ရွေးချယ်ပေးမှုကနေ ကံထူးသွားခဲ့တာကြောင့် အရမ်းကိုဂုဏ်ယူနေပြီး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

မိုးမိုးရဲ့ လူမှုကွန်ယက်မှာလည်း ထီပေါက်တဲ့အကြောင်းလေးနဲ့ပတ်သတ်ပြီး"ရွှေတိဂုံ ဘုရားမှာ သမီးလေး မိုးအိပ်မက်လွှာ(ခ)ဆိုဂျူးရွေးခဲ့တဲ့ ထီမှ တစ်သိန်းဆုထပ်ပေါက်ပါကြောင်း"ဆိုတဲ့စာလေးရေးသားခဲ့ပြီး ပရိသတ်တွေကိုအပျော်တွေမျှဝေခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကိုကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲနော်။ပရိသတ်တွေအားလုံးလည်း မိုးမိုးတို့မိသားစုလေးနဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်ကြစေဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မိုးမိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။