လူငယ် Rock အဆိုတော်တစ်ဦးဖြစ်တဲ့ Wanted Music Band ရဲ့ အဖွဲ့ဝင်အဆိုတော်ဖြစ်တဲ့ ဖော်ကာကတော့ သားဦးလေးမွေးဖွားသွားပြီးလို့ အရမ်းကို ပျော်နေပါတယ်..။

ဖော်ကာရဲ့ဇနီးဖြစ်သူ မပွင့်ဖြူအောင်က သူမတို့ရဲ့သားဦးလေးကို ယနေ့သြဂုတ်လ(၃)ရက်နေ့ မနက်အစောပိုင်းမှာပဲ မွေးဖွားခဲ့တာဖြစ်ပြီး မိခင်ရော ကလေးပါကျန်းမာတယ်လို့ သိရပါတယ်..။

ဒီကနေ့လေးမှာ သားဦးလေးမွေးဖွားတဲ့အကြောင်းကိုတော့ ဖော်ကာကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သားလေးရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို သူ့ရဲ့အပျော်လေးတွေမျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

သားဦးလေးကြောင့် အဖေတစ်ယောက်ဖြစ်လို့ အပျော်ကြီးပျော်နေတဲ့ ဖော်ကာတစ်ယောက်ကတော့ ခွဲခန်းထဲကထွက်လာတဲ့ သားလေးရဲ့မျက်နှာကိုကြည့်မဝဖြစ်ရင်း ပီတိအပြုံးလေးတွေနဲ့ ဘယ်လောက်တောင်ပျော်နေမလဲဆိုတာ သူတို့သားအဖနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေက သက်သေပါပဲနော်..။

အဆိုတော်ဖော်ကာနဲ့ ဇနီးချောလေးပွင့်ဖြူအောင်တို့ကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့က ရန်ကုန်၊ Melia Hotel မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

ဒီနေ့ သြဂုတ်လ(၃)ရက်နေ့လေးကတော့ သားဦးလေးရရှိပိုင်ဆိုင်သွားပြီဖြစ်တဲ့ ဖော်ကာတို့မိသားစုလေးရဲ့ တန်ဖိုးမဖြတ်နိုင်စရာ နေ့ရက်ထူးလေးဆိုလည်း မမှားပါဘူး.. ဖော်ကာတို့မိသားစုလေးရဲ့ ကြည်နူးပျော်ရွှင်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဖော်ကာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။