မြန်မာအိုင်ဒေါ ပွဲဟာ နောက်ဆုံး ဖိုင်နယ်ကို ရောက်ရှိလာချိန်မှာ ပိုပြီး ရေချိန်တွေတက်နေကြတာလည်းဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ နံပါတ် 11 ချမ်းမြေ့မောင်ချို ရဲ့ ယမန်နေ့ညက မတော်တဆ အမှားလေးတစ်ခုက ပရိသတွေ ကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ မောင်ချို ဟာ ယမန်နေ့ညက ကေကေမိုးရဲ့ သီချင်း ဖြစ်တဲ့ ကျွန်မနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ရမှာအမှားလေးတွေ ရှိခဲ့တောင်ကြောင့် ကေကေမိုး Fan တွေက ပေါက်ကွဲခဲ့ကြတာပါ ။

မနေ့ညက Live မှာ တင်ဇာမော် ကတော့ မောင်ချို့ရဲ့ အမှားကိုသိသိသာသာထောက်ပြခဲ့ပါတယ် ။ ပင်ကိုယ်အသံကောင်းပေမယ့် ။ ထူးခြားတဲ့ ပါရမီတွေရှိနေပေမယ့် စိတ်လှုပ်ရှားမှုတွေကြောင့် အမှားအယွင်းတွေမဖြစ်ဖို့ ထောက်ပြခဲ့တာပါ ။ရန်အောင် နဲ့ မျိုးကျော့မြိုင်ကတော့ မှားတာကောင်းတယ်ဆိုပြီး အမှားတွေထဲကသင်ခန်းစာယူနိုင်ဖို့ ဆုံးမခဲ့ပါတယ်။ မောင်ချိုကတော့ နာမည်ကြီးသီချင်းတစ်ပုဒ်ကို သီဆိုရတဲ့အတွက် တာဝန်ကြီးပြီး သီချင်း ကို အာသီးရောင်နေတာဖြစ်တဲ့အတွက် လေ့ကျင့်မှုတွေကောင်းကောင်းမလုပ်ခဲ့ရဘူးလို့ဆိုပါတယ်။ မောင်ချိုက သူမရဲ့ အမှားကိုလည်း ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။

ကေကေမိုးတစ်ယောက်က တော့ ချမ်းမြေ့မောင်ချိုဟာ စိတ်လှုပ်ရှားမှုတွေကြောင့် အမှားတွေ ဖြစ်ခဲ့ရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မောင်ချို့ အမှားဟာ Chorus အပိုဒ် ကို နှစ်ခါပြန်ဆိုပြီး သီချင်းအဝင်မှားခဲ့တာ ဟာ သေသေချာချာ ပညာရှင်တွေ ထောက်ပြမှသာ မြင်နိုင်တဲ့ အမှားဖြစ်ပေမယ့် ကေကေမိုး ရဲ့ ပရိသတ်တွေက ရင်ထဲမရောက်ခဲ့ဘူးပြောနေကြပေမယ့် သီချင်းတွေထဲမှာခံစားချက်တွေကို စီးမျောနေခဲ့တဲ့ မောင်ချို ရဲ့ နာကျဉ်းမှုတွေကို အထင်းသားတွေ့မြင်နေတာက ငြင်းစရာမလိုတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ မောင်ချို ရဲ့ အားနည်းချက်လေးတွေကို ခွင့်လွှတ်ပေးမယ်ဆိုရင် မှတ်ချက်မှာ တစ်ခုခု ပြောသွားခဲ့ကြပါနော်။

Source - Myanmar Idol / Kay Kay Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။