ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လို့ အများကတင်စားခြင်း ခံရသူလေး ဖြစ်ပါတယ်။ မိုးကျရွှေကိုယ်လေးတစ်ဦးလို လှပတဲ့ သူမက Miss universe Myanmar 2013 ရဲ့ သရဖူဆုရှင် ဖြစ်ပါတယ်။ အသားအရေကလည်း ဝင်းဝါလှပသလို စိတ်ကောင်းနှလုံးကောင်းရှိပြီး ဖြူစင်တဲ့သူလေး ဖြစ်ပါတယ်။ " မြန်မာ့နှလုံးသားပရဟိတအသင်း" ကိုတည်ထောင်ထားတဲ့ မိုးစက်က မွန်မြတ်တဲ့ပရဟိတအလှူတွေကို တစ်ဖက်တစ်လမ်းက ပြုလုပ်လေ့ရှိပါတယ်။

အခုလို မိုးတွင်းအချိန်မှာ မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဒုက္ခတွေ များစွာခံစားနေတာ တွေ့ရပါတယ်။ ဒီလို အခက်အခဲဖြစ်နေကြတဲ့ ရေဘေးသင့်ပြည်သူတွေကို ပရဟိတအသင်းတွေကလည်း တတ်နိုင်သမျှ ကူညီကယ်ဆယ်ပေးနေကြပါတယ်။ ဒါကြောင့် မိုးစက်ကလည်း သူမရဲ့ပရဟိတအသင်းသားတွေနဲ့အတူ ပဲခူးမြို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို မနက်ဖြန်မှာ သွားရောက်ကူညီလှူဒါန်းမှာ ဖြစ်ပါတယ်။

ရေကြီးမှုကို ခံစားနေရတဲ့အထဲမှာ အပါအဝင်ဖြစ်တဲ့ ပဲခူးမြို့ကို မိုးစက်နဲ့အတူ ခါရာနဲ့ အောန်ဆိုင်းကလည်း လိုက်ပါပြီး ကူညီမှာလည်း ဖြစ်ပါတယ်။ မိုးစက်အနေနဲ့ကလည်း ပရိသတ်တွေသိစေဖို့ "အကူညီလိုတဲ့နေရာတွေကအများကြီးပါ . မိုးစက်တို့အဖွဲ့အနေနဲ့ နေ့ချင်းပြန်နိုင်တဲ့နေရာကိုပဲသွားနိုင်တာတော့ ဝန်ခံတောင်းပန်ပါရစေ . ဖြစ်နိင်မယ်ဆိုရင်အခက်ခဲဆုံးအပင်ပန်းဆုံးနေရာတွေကိုပဲ သွားနိုင်ချင်ပါတယ် . ဒါပေမဲ့ကိုယ့်မနိုင်သေးတဲ့အခြေနေဖြစ်နေလို့ တခြားလုပ်ဆောင်နိုင်သူများကို အားကျ ဂုဏ်ယူရင်း ခုလောလောဆယ်တော့ကိုယ်လုပ်နိုင်တဲ့နေရာလေးတွေကိုသွားလှူပါ့မယ်နော် " ဆိုပြီးပြောထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် မိုးစက်ဝိုင်ရဲ့ " မြန်မာ့နှလုံးသားပရဟိတအသင်း" ကိုယ်စား ပြောကြားထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Moeset Wine; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။