မြန်မာ့ဇာတ်သဘင်လောကနဲ့ အနုပညာလောကရဲ့ နာမည်ရမင်းသားတစ်ဦးဖြစ်တဲ့ စွမ်းဇာနည်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ရိုးသားဖြူစင်ပြီးဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှုပိုမိုရရှိထားပြီး လက်ရှိ ပြည်တွင်းပြည်ပ ခရီးတွေနဲ့အတူ ဘဝကို ဖြတ်သန်းနေကြောင်း သိရပါတယ်။ ဒီကနေ့ ကတော့ စွမ်းဇာနည်ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပြီး ပရိသတ်တွေနဲ့အတူ အနုပညာရှင်ညီအကိုမောင်နှမများစွာကလည်း မွေးနေ့ဆုတောင်း တောင်းပေးထားကြတာတွေ့ရပါတယ်။  

ဒီကနေ့ လူရွှင်တော်ချက်ကြီးကလည်း စွမ်းဇာနည်ရဲ့မွေးနေ့ကို အစောဆုံးမွေးနေ့ဆုတောင်းပေးပို့ခဲ့ပြီး အတိတ်ကအမှတ်တရ ဓာတ်ပုံတွေနဲ့အတူ ပြသထားတာတွေ့ရပါတယ်။ စွမ်းဇာနည်ရဲ့ မွေးနေ့ကို မန္တလေးမြို့ အမျိုးသားပြဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး ၃ရက် ၄ ရက်နှစ်ရက်တာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ မြန်မာ့ဇာတ်သဘင်ရဲ့ ထိပ်တန်းစာရင်းဝင် စွမ်းဇာနည်ကတော့ မွေးနေ့မှာ မန္တလေးပရိသတ်တွေနဲ့အတူ ဖြတ်သန်းသွားဖို့ စီစဉ်ထားပြီး အမှတ်တရတွေလည်း ပြုလုပ်သွားဖို့ရှိကြောင်း သိရပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဒီကနေ့ စွမ်းဇာနည်ရဲ့ ၂၈ ရက်နေ့ မွေးနေ့လေးကို ဆုတောင်းပေးဖို့ ပြောကြားရင်း မန္တလေးပရိသတ်တွေအတွက် စွမ်းရဲ့ ဗီဒီယိုဖိုင်လေးနှင့်အတူ သတင်းကောင်း ပေးလိုက်ပါတယ်နော်။

Photos - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။