ပြည်သူတွေရဲ့အချစ်တွေကို စိုးမိုးသိမ်းပိုက်ထားတဲ့ ပရိသတ်အချစ်တော်လေးတွေဖြစ်ကြတဲ့ မင်းသမီးချောအိချောပိုနဲ့ ခိုင်သင်းကြည်ရဲ့သမီးချောလေးစံထိပ်ထားဦးတို့ကတော့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအသည်းယားစေပြန်ပါတယ်..။

ချစ်စရာကောင်းတဲ့ သူမတို့နှစ်ယောက်ကတော့ သြဂုတ်လ(၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “ဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တတ်ရောက်ခဲ့ကြရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ်..။

အခမ်းအနားပွဲလေးမှာ အဖြူရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ ကျော့ကျော့မော့မော့လေးလှနေတဲ့ မင်းသမီးအိချောပိုနဲ့ ငယ်ရွယ်နုပျိုမှုရဲ့ပန်းနုရောင်သမင်ပျိုမယ်လေး စံထိပ်ထားဦးတို့ရဲ့ ချစ်စရာကောင်းတဲ့ Selfie ပုံလေးတွေကတော့ ပရိသတ်တွေအချစ်ပိုစေမှာ အမှန်ပါပဲနော်..။

ချစ်စရာကောင်းလွန်းတဲ့ သူမတို့နှစ်ယောက်ရဲ့ Selfie ဓာတ်ပုံလေးတွေကိုတော့ ထိပ်ထားလေးက “ကြုံတုန်းဆုံတုန်း တစ်ခဏ..” ဆိုတဲ့ ကပ်ရှင်စာသားလေးနဲ့အတူ ပရိသတ်တွေကို ပြန်လည်မျှဝေးထားတာပဲ ဖြစ်ပါတယ်..။

“ဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲကို သြဂုတ်လ (၂)ရက်နေ့က ရန်ကုန်မြို့ Junction City မှာရှိတဲ့ JCGV မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် သြဂုတ်လ (၁၀) ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်..။

“ဣတ္ထိယ” ဇာတ်ကားကြီး အထူးပြပွဲကို ဖိတ်ကြားခံရတဲ့ မင်းသမီးချောလေး အိချောပိုနဲ့ ထိပ်ထားလေးတို့နှစ်ယောက်ရဲ့ ချစ်စရာ Selfie ပုံလေးတွေကိုလည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စံထိပ်ထားဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။