မြန်မာအနုပညာလောကရဲ့ ထိပ်တန်းမင်းသမီတွေ တည်းက တစ်ဦးဖြစ်တဲ့ ကစ်ကစ်ဟာ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့" ဒဏ္ဌာရီမိုး "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေဆဲဖြစ်သလို ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည် (ခေါ် )ကစ် ကတော့ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်အောင် လှနေသူလေးလို့ ဆိုရမှာပါ။ သူမနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အပြင်အဆင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်သလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်ကြီးရဲ့ အချစ်ကို အမြဲတမ်း သိမ်းပိုက် နိုင်သူလေးဖြစ်ပါတယ်။


ဒရမ်မာ၊ ဟာသ၊ အလွမ်း၊ အချစ် ၊ အမုန်း တွေတိုင်းမှာ ကျရာ ဇာတ်ကောင်တွေတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကောင်းတစ်လက်မို့ အကယ်ဒမီကြီးရယူနိုင်ခဲ့သူလေးလည်း ဖြစ်ပါတယ်။ သြဂုဏ်လ(၁)ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ AGD Bank Credit Card Launching Eventမှာ တက်ရောက်ခဲ့တဲ့ ကစ်ရဲ့ အဖြူရောင်ဖက်ရှင်လ်ကတော့ လူတိုင်းငေးမောရလောက်အောင် လှပနေပါတယ်။


သူမရဲ့ ဖြူစင်ဝင်းပတဲ့ အသားအရေနဲ့ လိုက်ဖက်တဲ့ အဖြူရောင်ကို အမိုက်စား အနောက်တိုင်းဆန်ဆန် တီထွင်ချုပ်လုပ်ထားပြီး ပွဲတက်ခဲ့တာဖြစ်ပါတယ်။ ရွှေရောင်ဝင်းနေတဲ့ မီးရောင်နဲ့ လိုက်ဖက်မှုရှိအောင် အဝါရောင်တောက်တောက် Eyeshadow နဲ့လိုက်ဖက်တဲ့ ကြက်သွေးရောင် နုတ်ခမ်းနီ တောက်တောက်လေးကို အပြည့် ဆိုးထားတာဖြစ်ပါတယ်။ အမိုက်စားအဖြူရောင် outfit ဖက်ရှင်လ်နဲ့ လိုက်ဖက်အောင် အနီရောင် ရဲရဲ အိတ်လေးနဲ့ အနီရောင် လေဒီရှူးဒေါက်လေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။

source: WuttMhone Shew Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။