ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊

တရားဥပဒေစိုးရေးအတွက် ခရိုင် ၄ ခရိုင်အတွင်းရှိ မြို့နယ်များတွင်

လုံခြံုရေးတာဝန်များကို တိုးမြှင့်ချထားဆောင်ရွက်လျက်ရှိကြောင်း

သိရှိရပါသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် နယ်မြေများအလိုက် ရပ်ကင်းများ၊

စက်ဘီးလှည့်ကင်းများ၊ မော်တော်ဆိုင်ကယ်လှည့်ကင်းများ၊ မော်တော်ယာဉ်

လှည့်ကင်းများအပြင် ယာဉ်စစ်ပိတ်ဆို့လုပ်ငန်းများဆောင်ရွက်ခြင်းများကို

မြို့ဝင်၊ မြို့ထွက်နေရာများ၌လည်းကောင်း၊ အရေးကြီးအဆောက်အအုံ

များဖြစ်သည့် သာသနိကအဆောက်အအုံများ၊ တန်ခိုးကြီးဘုရားစေတီများ၊

ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် ဘာသာရေး

အဆောက်အုံများ၌လည်းကောင်း၊ အများပြည်သူများအပန်းဖြေနေရာများ

ဖြစ်သည့် ပန်းခြံ၊ ဥယျာဉ်နှင့်ကစားကွင်းများ၌လည်းကောင်း၊ လူစည်

ကားရာနေရာများဖြစ်သည့် စျေးဝယ်စင်တာများ၊ စျေးများ၊ ကုန်တိုက်များ၊

လေဆိပ်၊ သင်္ဘောဆိပ်၊ သဗ္ဗာန်ဆိပ်၊ အဝေးပြေးယာဉ်ရပ်နားစခန်းများ၌

ရပ်ကင်းများဖြင့်လည်ကောင်း နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင်

ဟိုတယ်၊ မိုတယ်၊ အင်းနှင့်တည်းခိုခန်းများတွင်လည်း တာဝန်ရှိသူများနှင့်

ပူးပေါင်ကာ တည်းခိုသူစာရင်းများကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း

သတင်းရရှိပါသည်။

Source - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။