ပရိသတ်ကြီးရေ Sexy မင်းသမီးလေးလို့ လူသိများကျော်ကြားတဲ့ ဝါဆိုမိုးဦးကတော့ အမိုက်စားခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ငယ်စဉ်ထဲက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို အခြေချခဲ့တဲ့သူမက အခုချိန်ထိ သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာအလှကို ပိုင်ဆိုင်ထားတဲ့ ဝါဆိုက ကျစ်လစ်တောင့်တင်းတဲ့ ကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုကို အကြည့်တွေနဲ့တင် အပြတ်အသတ် သိမ်းပိုက်တတ်တဲ့ ဝါဆိုက အခုလည်း ခပ်မိုက်မိုက်ဖက်ရှင်နဲ့ စတိုင်ကျကျရိုက်ကူးထားတဲ့ သူမပုံရိပ်လေးတွေကို Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ ဝါဆိုက "Hello August အဂေါ်စတိုင်တစ်လိုင်းပေါ့ အယ့်လယ်" ဆိုတဲ့ စာသားလေးနဲ့ တင်ထားတာ ဖြစ်ပါတယ်။ ကိုယ်လုံးကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ ကိုယ်ကျပ်ဖက်ရှင်နဲ့ ဝါဆိုရဲ့ပုံစံက ယောက်ျားသားတွေရဲ့ရင်ကို လှုပ်ခတ်မိစေမှာ အမှန်ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝါဆိုရဲ့ Kiki challenge ဗီဒီယိုလေးကလည်း ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတာကို တွေ့ရပါတယ်။ အခုလည်း ဝါဆိုက "အကြည့်နဲ့တစ်ချက်ထဲ ကြည့်လိုက်တယ် ဒါပဲ" ဆိုပြီး စူးရှတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ဖမ်းစားနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ခေတ်ဆန်ဆန်ဖက်ရှင်တွေနဲ့ လန်းနေတဲ့ ဝါဆိုမိုးဦးရဲ့ပုံလေးတွေကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Warso Moe Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။