ခေးလေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ရေကြီးနေတဲ့ ဒေသတွေမှာရှိတဲ့ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့ပါတယ်..။

သြဂုတ်လ(၁)ရက်နေ့က မင်းသမီးချောလေးလေး ခင်ဝင့်ဝါနဲ့ ဇွန်သံဇဉ်တို့က ရေကြီးမှုတွေဖြစ်ပေါ်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သောင်ကြီးကျေးရွာမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သောင်ကြီးကျေးရွာရှိ အိမ်ခြေ (၂၅၀)နဲ့ ကွမ်ပေါင်ကျေးရွာမှာရှိတဲ့ အိမ်ခြေ (၂၅၀) တို့အတွက် ငွေကျပ် (၃၆)သိန်းအပြင် အစားအသောက် အဝတ်အထည်တွေနဲ့ အခြား အသုံးဆောင်ပစ္စည်းများကို Online Donation အဖွဲ့နဲ့ပူးပေါင်းပြီး သွားရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

လှေတွေနဲ့ ကိုယ်တိုင်ကိုယ်ကျသွားရောက် ကူညီလှူဒါန်းခဲ့ကြတာ ဖြစ်ပြီး ခက်ခက်ခဲခဲသွားရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ခင်ဝင့်ဝါက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာတော့ တိုင်းဒေသကြီးနဲ့ မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ပြည်သူတွေနဲ့အနုပညာရှင်တော်တော်များများတို့ကလည်း ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြတာ တွေ့ရပါတယ်..။

ယခုအခါမှာတော့ ခင်ဝင့်ဝါနဲ့ ဇွန်သံဇဉ်တို့ရဲ့ Online Donation အဖွဲ့နဲ့အတူ ပူပေါင်းလှူဒါန်းကူညီခဲ့တဲ့ ပုံရိပ်အချို့ကိုလည်း Myanmarload ပရိသတ်ကြီးအများအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - ခင်ဝင့်ဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။