ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ခရိုင် ၊ ငပုတောမြို့ နယ် ၊ ဟိုင်းကြီးကျွန်းမြို့ ၌ တည်ထားကိုးကွယ်သော ရှေ့ ဟောင်းသမို်င်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ယခင်နှစ်များ နည်းတူ တပို့တွဲ လပြည့်ကျော် တစ်ရက် မှ တပေါင်းလပြည့်နေ့ ( ၁၂.၁.၂၀၁၇) ရက်နေ့ မှ ( ၁၂.၃.၂၀၁၇) ရက်နေ့ အထိ တစ်လတိတိ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ပင်လယ်ကမ်းခြေတွင် ထင်ရှားသည့် အဆိုပါ ဘုရားပွဲတော်ကြီးကို ယခုချိန်မှစ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

အဆိုပါ ဘုရားပွဲတော်ကြီး ကျင်းပရေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုသိမ်ခရိုင် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စီစစ်ကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရန် ရေလမ်းခရီးတွင် ကမ်းရိုးတန်းသွား ရေယာဉ်များဖြင့် လည်းကောင်း ၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးအတွက် လေအိတ်မှန်လုံကားကြီးများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပါသည်။ ယခုအခါ ဘုရားဖူး လာသူများ လွယ်ကူစွာ စေတီတော်ကြီး ၏ ရင်ပြင်ပေါ်သို့ ပုသိမ်-မော်တင်ကားလမ်းရှိ မိုင်တိုင် အမှတ် ( ၉၅/၆) မှ မော်တော်ယာဉ်များဖြင့် တိုက်ရိုက်သွားရောက်နိုင်မည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ဘုရားဖူး ဧည့်သည်များ အဆင်ပြေ တည်းခိုနိုင်ရေးအတွက် စေတီတော် ၏ အနောက်ဘက် ကမ်းခြေတွင် ချောင်းသာဟိုတယ် ပိုင်ရှင်များ အသင်းက အခန်း ၅၀ ပါ ဟိုတယ် ( ၁ ) လုံး၊ ဒိုင်းမွန်းပဲလေ့(စ်) ကုမ္ပဏီ က အခန်း ( ၅၀ ) ပါ ဟိုတယ် ( ၁ ) လုံးတို့ကို ဆောက် လုပ်ဖွင့်လှစ်ထားပြီးဖြစ်သည်။

ဆံတော်ရှင်စေတီတော်ကြီးကို ဖူးမြော်ကြည်ညိုပြီး မြွေတောင်ရေချိုးဆိပ်၏ ပင်လယ်ကမ်းခြေ သဘာဝ အလှအပများ ၊ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကို ရှုရိုက်ရင်း စိတ်ချမ်းမြေ့ စွာ အပန်းဖြေ နေနိုင်ရေးတို့ ကိုပါ စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံ မှ သိရှိရသည်။

မောင်မောင်မြင့် ( ပြန် / ဆက် )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။