တောင်ကိုရီယားနိုင်ငံသူ အမိုက်စား K-pop အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ CL ဟာ 1991 ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့ တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြိုက မှာ မွေးဖွားခဲပြီး လက်ရှိမှာတော့ အသက်(၂၇) နှစ်ရှိပြီ ဖြစ်ပါတယ်။ နာမည်ရင်းကတော့ Lee Chae-rin ဖြစ်ပြီး YG Entertainment နဲ့ လက်တွဲပြီး 2NE1 အဖွဲ့ဝင်တစ်ဦး ရယ်လို့ မဖြစ်တည်လာခင်မှာ JYP Entertainment ရဲ့ Trainee တစ်ဦးကနေ စတင်လာခဲ့တာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဂျပန်နိုင်ငံ တိုကျိုမြို့ နဲ့ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နေထိုင်ကြီးပြင်းလားသူဖြစ်ပြီး အသက်(၁၅)နှစ်မှာ YG Entertainment ရဲ့aundition ဖြစ်လာခဲ့ပါတယ်။ K-pop ၊ Hip-hop၊ reggae ၊ fusion နဲ့ Trap ဆိုတဲ ဂီတ အမျိုးအစား တွေကို သီဆိုနိုင်ပြီး 2009ခုနှစ်မှာ Bom, Sandara Park ၊ Minzy နဲ့အတူ 2NE1 ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပွဲဦးထွက် သီချင်း နဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး မိန်းကလေး Band အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ အာရှမှာသာမက ယူရို ဂီတလောကထိ နာမည်ရခဲ့တဲ့ 2NE1 အဖွဲ့ဟာ ဆုတံဆိပ်များစွာကိုလည်းရရှိခဲ့သလို အဖွဲ့ခေါင်ေးဆာင်ဖြစ်တဲ့ CL ဟာလည်း တကယ့်ကို အရည်အချင်းရှိတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမကိုယ်တိုင်က အစ Idol တစ်ယောက်အနေနဲ့ခေါင်းအစ ခြေအဆုံး ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့သလို အမြဲတမ်း ခေတ်ရှေ့ပြေးပြီး ကြည့်ကောင်းနေသူ ဖြစ်ပါတယ်။

အဖွဲ့ကို 2016ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး လက်ရှိမှာ တစ်ကိုယ်တော် အဆိုတော် Rapper တစ်ဦးအဖြစ် ရပ်တည်နေတဲ့ CL ရဲ့ စင်ကာပူနိုင်ငံမှာ ဖျောဖြေရေး တစ်ခုအတွက် သွားရောက်ဖို့ အင်ချွန်းလေဆိပ်က fans တွေရိုက်ကူးထားတဲ့ ပုံတစ်ချို့ တက်လာခဲ့ပြီး CL ဟာ ပင်ကိုယ် စတိုင်လ်နဲ့ မတူအောင် အရမ်းပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။ သူမဟာ လေဆိပ်ကနေ ထွက်ခွာဖို့ မိတ်ကပ်မပါပဲ ပေါ့ပေါ့ပါးပါး တီရှပ် ခပ်ပွပွ နဲ့ ဘောင်းဘီ ကို ဝတ်ဆင်ထားပြီး ပင်ကိုယ်ကိုယ်ခန္ဓာအချိုးအစားထက် ပိုလို့ ကိုယ်အလေးချိန်တိုးပြီး ဝနေတာကြောင့် CL တစ်ယောက် ထိန်းဖို့ အချိန်မပေးနိုင်ပုံရပါတယ်။ သူမရဲ့ ပုံတွေကိ ုပရိသတ်တော်တော်များများ အံ့သြဘနန်းဖြစ်ခဲ့ရပြီး မှ ဟုတ်ရဲ့လား လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

source: http://isplus.live.joins.com ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။