မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ အမှားမခံနိုင်တဲ့အချိန် ရောက်နေတယ်လို အန်ကယ်ကထောက်ပြတာ ခံလိုက်ရပါတယ်။ဒါကိုလည်း ဒိုင်အကြီးဆုံးဖြစ်သူ မြန်မာပြည်သိန်းတန်က ပြောဆိုခဲ့တာဖြစ်ပြီး မနေ့ညက ယှဉ်ပြိုင်မှုမှာ ပွဲဦးထွက် ကေကေမိုးရဲ့ ကျွန်မသီချင်း ဖျော်ဖြေမှုကို အားမရခဲ့တဲ့အတွက် တင်ဇာမော် နဲ့ မြန်မာပြည်သိန်းတန်တို့က ထောက်ပြဝေဖန်ခဲ့ကြတာပါ ။ မောင်ချို့ကို မကြိုက်ကြတဲ့ ပရိသတ်တွေကတော့ ဒီကိစ္စကို ထောက်ပြပြီး စာသားမရလို့ ပြုတ်သင့်နေတယ်လို့ ဝေဖန်နေကြတာတွေရှိနေပါတယ်။

ပထမဦးစွာ ချမ်းမြေ့မောင်ချိုက ကေကေမိုးရဲ့ “ကျွန်မ” ဆိုတဲ့ တေးသီချင်းနဲ့ စတင်သီဆိုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ သီဆိုတဲ့အခါ ခံစားချက်ကို အပြည့်အဝ ထည့်ပြီး သီဆိုသွားနိုင်ပေမယ့် အမှားအယွင်း အနည်းငယ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ချမ်းမြေ့မောင်ချိုရဲ့ ယှဉ်ပြိုင်မှု တလျောက်မှာတော့ ဒီတခေါက်ယှဉ်ပြိုင်သီဆိုမှုက ခံစားချက် အပြည့်အဝ ခံစားရစေတယ်လို့ ခံစားရစေပါတယ်။ခံစားမှုတွေနဲ့ နာကျဉ်နေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသည်းကွဲ ခံစားချက်တွေကို စင်ပေါ်မှာ အကောင်းဆုံး ထုတ်ပြနိုင်ခဲ့ပေမယ့် အမှားမကင်းခဲ့တဲ့ အတွက် ဒီတစ်ခေါက်မှာလည်း အန်ကယ့် မှတ်ချက် အကြီးစားနဲ့ ပြေးလို့မလွတ်ခဲ့ပြန်ပါဘူး ။ ဒါပေမယ့် မောင်ချို့ ကြိုးစားမှုကို အန်ကယ်ကတော့ အသိအမှတ်ပြုခဲ့ပါတယ်။

ရန်အောင် နဲ့ မျိုးကျော့မြိုင်တို့ကတော့ ဒီလိုအမှားမျိုး က ခွင့်လွှတ်လို့ ရနိုင်ကြောင်းပြောဆိုခဲ့ပေမယ့် မောင်ချိုတစ်ယောက် စိတ်မချမ်းမသာဖြစ်ခဲ့ရတာကို လည်း အထင်းသားတွေ့ရပါတယ်။ ဘယ်လိုပင် အမှားတွေရှိခဲ့ရှိခဲ့ ဒုတိယဖောျ်ဖြေမှု မှာတော့ ပရိသတ်တွေ ကိုမျက်လှည့်ပြလိုက်သလိုအရမ်းကောင်းမွန်နေတဲ့အတွက် မျိုးကျော့မြိုင်ကတောင် တမင်မှားပြလိုက်တာလားလို့မေးခွန်းထုတ်လိုက်ရတဲ့အဆင့်အထိပါဘဲ ။ ပရိသတ်ကြီးရေ မောင်ချိုတစ်ယောက်ကတော့ အကောင်းဆုံးသင်ခန်းစာတွေကို လျှပ်တစ်ပြက်အတွင်းမှာ ယူနိုင်ခဲ့ပါပြီ ။ ပရိသတ်ကြီးရေ တကယ်အမှားမခံနိုင်တဲ့ အခြေအနေဟုတ်မဟုတ် မှတ်ချက်မှာ ပြောပြပေးသွားပါနော်။

Source - Myanmar Idol / MNTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။