ပရိသတ်ကြီးရေ ပိုးမမှီသာကတော့ နာမည်လေးက ကဗျာဆန်သလို မျက်နှာလေးကလည်း ရိုးရှင်းကျက်သရေရှိပြီး မှော်ဆန်တဲ့အလှကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေးဆိုသလို မတူထူးခြားတဲ့ အလှတစ်မျိုးနဲ့ လှတဲ့ ပိုးက ဆေးကျောင်းတက်ရင်း အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ "သိင်္ဂါရ သီချင်းတစ်ပုဒ် " ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်တွေက သတိထားမိပြီး ချစ်စရာကောင်းတဲ့ သူမကို စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

သူမအနေနဲ့ လတ်တလောမှာ ရှိုးပွဲတွေ လျှောက်ဖြစ်နေသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။ စိုင်းရဲ့ အလှကုန်ကြော်ငြာတော်တော်များများမှာလည်း ပိုးက ပါဝင်ရိုက်ကူးထားလေ့ရှိတာ တွေ့ရပါတယ်။ ငယ်ရွယ်နုပျိုပြီး မဟာဆန်ဆန်တစ်မျိုးလေးလှတဲ့ သူမကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်မဝဖြစ်နေကြပါတယ်။ ရိုးရှင်းပြီး ခေတ်မှီတဲ့ဖက်ရှင်လေးတွေကို အမြဲရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ ပိုးတစ်ယောက် အခုလည်း AGD Bank ရဲ့ VISA Credit Card Launch Event ပွဲလေးကို အလှပဆုံးတက်ရောက်ခဲ့ပါတယ်။

ဒီပွဲလေးကိုတော့ သြဂုတ် ၁ရက်နေ့က Pullman Yangon Centrepoint မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ပါတယ်။ ပိုးကတော့ အနက်ရောင်နဲ့ အပြာရောင် ပေါင်းစပ်ထားတဲ့ ဖက်ရှင်လေးနဲ့ မိတ်ကပ်ကအစ ကိုယ်တိုင်ပြင်ဆင်ခြယ်သပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မော်ဒယ်၊သရုပ်ဆောင် ပိုးမမှီသာရဲ့ မဟာဆန်ဆန်အလှတရားကို ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နောိ။

Source: Poe Mamhe Thar ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။