Meghan Trainorဟာဆိုရင် Chubby type ပုံစံ ခပ်ပြည့်ပြည့် နဲ့ ခပ်၀၀ အမေရိကန် အဆိုတော်တွေ ထဲက တစ်ဦးဖြစ်ပေမဲ့လည်း သူမရဲ့ လှပတဲ့ အသံပါဝါနဲ့ ကမ္ဘာကျော်သူ ဖြစ်ပါတယ်။ တစ်ချိန်က All about that bass သီချင်းဟာ billboard သီချင်းရဲ့နံပါတ်တစ် မှာ နေရာယူခဲ့ဖူးသလို သူမရဲ့ အောင်မြင်မှုတွေကို ဒီသီချင်းလေးက အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

Meghan Trainor ကတော့ 1993 ခုနှစ် December 22 ရက်နေ့ မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်(၂၅) နှစ် ရှိပြီ ဖြစ်ပါတယ်။R&B၊ pop၊ doo-wop ၊ blue-eyed soul နဲ့ hip hop ကဲ့သို့ သော သီချင်းအမျိုးအစားတွေကို သီဆိုသူဖြစ်ပြီး လက်ရှိမှာတော့ Grammy Award ဆု တစ်ဆု၊ Music Business Association's ဆုတစ်ဆု နဲ့ Billboard Music Awards ဆု နှစ် ဆုကို ရရှိထားပါတယ်။

အသက်(၁၅) နှစ်လောက်ကတည်းက သီချင်းတွေ သီဆိုခဲ့ပြီး 2011 ခုနှစ်မှာ Big Yellow Dog Music နဲ့ လက်မှတ် စာချုပ်ရေးထိုးခဲ့ပြီး သီချင်းရေးတဲ့ သီချင်းရေးဆရာအဖြစ် ပါ စတင်ခဲ့ပါတယ်။ 2016 ခုနှစ်မှာ အကောင်းဆုံး အနုပညာရှင် တစ်ဦး အဖြစ် ဂရမ်မီဆုကို ရယူနိုင်ခဲ့ပြီး "I'm a Lady" သီချင်းကို လည်း 2017 ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီး Smurfs: The Lost Village ကာတွန်းကားလေးမှာ ဇာတ်ဝင်တေး သီချင်း အဖြစ် ပါဝင်ခဲ့ပါတယ်။

လတ်တလော လှုပ်ရှားမှု အနေနဲ့ Meghan Trainor ဟာ သြဂုဏ်လ(၂)ရက်နေ့ က FOX’s 2018 Summer TCAs All-Star Party ပွဲကို တစ်ကိုယ်တော် တက်ရောက်ခဲ့ပြီး ကင်မရာသမားတွေ တဖျတ်ဖျတ်လက် သွားအောင် အလုပ်ရှူပ်သွားအောင် ဆွဲဆောင်နိုင်ခဲ့သူလို့ ဆိုရမှာပါ။ ကြေးနီရောင်သန်းနေတဲ့ အနီရောင်ဖက်ရှင်လ်နဲ့အတူ သူမရဲ့ ဆွဲဆောင်မှု ရှိလျတဲ့ ရွှေအိုရောင် ဆံပင်လေးကို ခပ်ရိုးရိုေးလး ချကာ မိတ်ကပ်ကို အရိုးရှင်းဆုံးနဲ့ လှပနေတာဖြစ်ပါတယ်။ သူမရဲ့ ပြည့်တင်းလှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကပဲ သူမ ပရိသတ်တွေကို ပိုပို ချစ်စေသလို ဒီပွဲကို တက်ရောက်ခဲ့စဉ်မှာလည်း ပရိသတ်တွေကို ရင်ခုန်လိုက်မျော သွားစေခဲ့ပါတယ်။

source:http://www.justjaredjr.com/ ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။