ပြိုင်ပွဲမှာ ပရိသတ်အများဆုံးရထားတဲ့ ဖြိုးမြတ်အောင်က အဆိုတော်လင်းလင်းရဲ့ “သုည” ဆိုတဲ့ တေးသီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ သီဆိုယှဉ်ပြိုင်မှုတိုင်းမှာ အမြဲတမ်းလိုလို အကဲဖြတ်ဒိုင် တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးစကားကို ရရှိထားတဲ့ ဖြိုးမြတ်အောင် ကလည်း ဒီတခေါက် သူရဲ့ယှဉ်ပြိုင်မှုအပြီးမှာ အင်တာနေရှင်နယ် မှီတဲ့ အဆိုရှင် တယောက် ၊ U2 အဖွဲ့ အဆိုတော် Bono နဲ့ တူတယ်လို့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးခံရမှုကို ရရှိခဲ့ပါတယ်။ဒီလိုသီဆိုမှုအပြီးမှာ ပြိုင်ပွဲဝင်များအတွက် Voting ပေးတဲ့စနစ်ကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး မဲပေးဖို့ ရပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးဘဲ ပြိုင်ပွဲကို နောက်ထပ်စုံတွဲ သီဆိုယှဉ်ပြိုင်မှုများနဲ့ နောက်တကျော့ စတင်ခဲ့ပါတယ်။

နောက်ဆုံးမှာ ဖြိုးမြတ်အောင်က မြန်မာနိုင်ငံရဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ ထူးခြားတဲ့ အသံရှိသူ အဆိုတော် ဆုန်သင်းပါရန်နဲ့အတူ “ကြိုးပုခက်၌ ညှိတွယ်ခြင်း” စုံတွဲသီဆိုရတာ ဖြစ်ပါတယ်။ ဆုန်သင်းပါရန်နဲ့ သီဆိုဖို့ လိုအပ်ချက်နဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ဒိုင်သုံးဦးက မှတ်ချက် ပေးခဲ့ပေမယ့် မြန်မာပြည်သိန်းတန်ကတော့ အင်တာနေရှင်နယ် မှီတဲ့ အဆိုတော်ဆိုတာ ဒါမျိုးလို့ပဲ ထပ်မံပြောခဲ့ပါတယ်။ဒီညကတော့ ဖြိုးမြတ်အောင်အတွက် လှပခဲ့ပါပြီ ။ ယခင်အပတ်မှာ Bottom ထိုင်ခဲ့ရတဲ့ ဖြိုးမြတ်အောင်တစ်ယောက် သူ့စိတ်တိုင်းကျသီချင်းတွေနဲ့ ဖျော်ဖြေနေရတဲ့အတွက် ဒိုင်တွေရဲ့မှတ်ချက်တွေကတော့အားရစရာကြီးပါ

ဒီနေ့မှာတော့ Myanmar Idol Result Show ကို ည ၉ နာရီမှာပြုလုပ်မှာဖြစ်ပြီး မဲရရှိသူ အနည်းဆုံး တဦးက ထွက်ရမှာဖြစ်ပြီး ကျန်နှစ်ဦးကတော့ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်တဲ့ Grand Final ကို တက်ရောက်ပြီး နောက်ဆုံးယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ပရိသတ်ရဲ့ အားပေးမှုအများဆုံးက ဘယ်သူတွေဖြစ်ပြီး ပြိုင်ပွဲက မဲစနစ်အရ ထွက်ရမယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ ဒီနေ့ည ၉ နာရီမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ဒီညရော ဖြိုးမြတ်အောင်တစ်ယောက် Save ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - MNTV / Myanmar Idol 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။