သရုပ်ဆောင် ချောရတနာ ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။ ပရိသတ်အခိုင်အမာရရှိထားတဲ့ သူမကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်သူလေးပဲ ဖြစ်ပြီး အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ စွယ်စုံ ရပြည်သူချစ်အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မနေ့ညကတော့ MYANMAR IDOL TOP3 ပြိုင်ပွဲဝင်တွေ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေသဘောကျတဲ့ ပြိုင်ပွဲဝင်တွေကို ဘုတ်တင်တွေပေးနေကြပါတယ်။ သူမကတော့ " 7 7 777777777777777 Myanmar Idol " ဆိုပြီး ဖြိုးမြတ်အောင်ကို အားပေးထောက်ခံကာ ဝန်းရံလိုက်ပါတယ်။ သူမကတော့ ဖြိုးမြတ်အောင်ရဲ့ သီဆိုယှဉ်ပြိုင်မှုကို ကြိုက်နှစ်သက်ခဲ့ပြီး ဖြိုးမြတ်အောင်ကို ဘုတ်ပေးခဲ့ပုံပါပဲ။ 

MYANMAR IDOLကို ပရိသတ်တွေမက အနပညာရှင်တွေကလဲ စိတ်ဝင်တစားကြည့်ရူနေကြပြီး MYANMAR IDOL ပြိုင်ပွဲဝင်တွေကတော့ ပြည်သူချစ်အနပညာရှင်တွေရဲ့ အားပေးမှုကိုရရှိနေပါတယ်။ MYANMAR IDOL TOP3 ပြိုင်ပွဲဝင်3ယောက်သာကျန်တော့ပြီး ယနေ့မှာတော့ တစ်ယောက်ထွက်သွားတော့မှာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေ ကျန်ရစ်ခဲ့မလား ထွက်ခွာသွားမလား စောင့်ကြည့်ရမလား စောင့်မျှော်နေကြပါတယ်။ 

source: Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။