မမျှော်လင့်ထားဘဲ Myanmar Idol စင်မြင့်ထက်ကိုပြန်လည်ရောက်ရှိလာခဲ့တာကတော့ Rock သံစဉ်လေးတွေနဲ့ ပြုစားနိုင်တဲ့ ဇော်ကြီးပဲ ဖြစ်ပါတယ်။ Pantene Wild Card နဲ့ ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဇော်ကြီးက အဆိုတော် သာဒီးလူရဲ့ “လိုသလိုသုံး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ပါတယ်။ သာဒီလူးအသံနဲ့ ဇော်ကြီးအသံနဲ့ မတူပေမယ့် ဇော်ကြီးက သူရဲ့စတိုင်နဲ့ အကောင်းဆုံးကြိုးစားသီဆိုခဲ့တာကို တွေ့ရပါတယ်။ ဒီအတွက်ကြောင့် အကဲဖြတ်ဒိုင်တွေကတောင် Wild Card နဲ့ ပြန်ခေါ်ရကျိုးနပ်တဲ့သူတယောက်လို့ ချီးကျူးခံခဲ့ရပါတယ်။ဇော်ကြီးဟာ Wild Card နဲ့ ပြန်လာသူတွေထဲက TOP 3 အထိပါနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။

စုံတွဲသီချင်းတွေကို အလှည့်ကျဖျော်ဖြေစဉ်မှာ ဇော်ကြီးကတော့ အဆိုတော် ဂျူဝယ်နဲ့အတူ စုံတွဲသီဆိုခဲ့ရတာဖြစ်ပြီး အကဲဖြတ် ဒိုင်များက ဂျူဝယ်က ကိုယ်ချင်းစာစိတ်ရှိသူ တယောက်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဂျူဝယ်တစ်ယောက် အပြန်အလှန်ဖေးမပြီး လက်တွဲခေါ်ယူခဲ့တာဖြစ်ပေမယ့် သူမကတော့ ကြိုးစားဆဲလူတစ်ယောက်ပါ လို့နှိမ့်ချဖြေဆိုခဲ့တာကြောင့် လည်း နှစ်ဖက်ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ညလေး တစ်ညပါ ။ နှစ်ဦးစလုံး လူငယ်များဖြစ်တာကြောင့် ပိုပြီး အပေးအယူမျှစွာ သီဆိုနိုင်ခဲ့တာကြောင့် ဇော်ကြီးကလည်း Myanmar Idol ရဲ့ Grand Final အထိ တက်ရောက်ဖို့ ရေပန်းစားနေသူတဦးလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ Myanmar Idol Result Show ကို ည ၉ နာရီမှာပြုလုပ်မှာဖြစ်ပြီး မဲရရှိသူ အနည်းဆုံး တဦးက ထွက်ရမှာဖြစ်ပြီး ကျန်နှစ်ဦးကတော့ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်တဲ့ Grand Final ကို တက်ရောက်ပြီး နောက်ဆုံးယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ပရိသတ်ရဲ့ အားပေးမှုအများဆုံးက ဘယ်သူတွေဖြစ်ပြီး ပြိုင်ပွဲက မဲစနစ်အရ ထွက်ရမယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ ဒီနေ့ည ၉ နာရီမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ဇော်ကြီးတစ်ယောက် ပထမ မရခဲ့ရင်တောင် ဒုတိယဆုနဲ့ ထိုက်တန်တယ်ဆိုတဲ့ မှတ်ချက်တွေကို လည်း Myanmar Idol LIVE မှာ တွေ့နေရပါတယ်။ ပရိသတ်ကြီးရေ ဇော်ကြီးကြိုးစားမှုလေးတွေကို အသိအမှတ်ပြုရင်မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - MNTV / Myanmar Idol

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။