အနုပညာလောကမှာ ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဆယ်စုနှစ် တစ်ခုတိုင် အောင် အောင်မြင်ကျော်ကြားနေဆဲဖြစ်တဲ့ အနုပညာရှင်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ လူပျိုကြီး စိုင်းစိုင်းပါပဲ။ အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူးဆိုတဲ့ စကား အတိုင်းပဲ စိုင်းစိုင်းက အမြဲတမ်း လန်းလို့နေပါတယ်။ ဆယ်စုနှစ်ကျော်ကြာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သူဖြစ်ပြီး ဝေဖန်မှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံဆရာနေမင်းထွန်းရဲ့ အမိုက်စားရိုက်ချက်တွေနဲ့ စိုင်းစိုင်းရဲ့ အလန်းစားပုံရိပ်တွေဟာ ပျိုပျိုမေတို့ကြားမှာ ရေပန်းစားလို့နေပါတယ်။ အသက်သုံးဆယ်ကျော် အဆိုတော် သရုပ် ဆောင်တစ်ဦးဖြစ်ပြီး ရှိရင်းစွဲအသက်ထက် အများကြီးနုပျိုနေဆဲပါပဲ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရော ရုပ်ရည်မှာပါ ပြောစရာမရှိအောင် ကောင်းမွန်သူတစ်ဦးဖြစ်ပြီး အမိုက်စားသီချင်းတွေ ကိုလည်း ဆက်လက်သီဆိုနေဆဲပါပဲ။

အနက်ရောင်အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ဆင်ထားတဲ့ စိုင်းစိုင်းရဲ့ ပုံရိပ်တွေဟာ တကယ်ကိုကြွေဆင်းချင်စရာကောင်းလောက်အောင် သန့်လွန်းနေပါတယ်။ အပြုံးတွေနဲ့ ညို့ယူ တတ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်စိုင်းစိုင်းရဲ့ အလန်းတကာ့အလန်းဆုံးပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။