ကမ္ဘာ့အချမ်းသားဆုံးအားကစားသမား စရင်းမှာ နံပတ်4ချိတ်နေတဲ့ UFC fighter McGregor ကတော့ လူကောင်သေးသေးနဲ့ ပြိုင်ဖက်တွေကို လျင်လျင်မြန်မမြန်နဲ့ အမြဲအလဲထိုင်း အနိုင်ယူထားတဲ့ ကမ္ဘာ့ကျော်ဖိုက်တာ တစ်ဦးပဲ ဖြစ်ပါတယ်။ McGregor ကတော့ ပြိုင်ဖက်နဲ့ မထိုးသတ်ခင်မှာ စကားလုံးတွေနဲ့ကောလက်တွေနဲ့ ဒေါသထွက်အောင်လုပ်ပြီး ပွဲဆူစေသူဖြစ်ပါတယ်။  

ယနေ့မှာလဲ ပြိုင်ဖက်ကို ခြိမ်းခြောက်လိုက်တဲ့ သဘာနဲ့ လူတစ်ယောက်လုံးကို ထမ်းပြီး ထိုင်ထလေ့ကျင်ံခန်းပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ဗီဒီယို ဖိုင်ဟာ McGregor ပရိသတ်တွေ အတွက်တော့ အားရစရာဖြစ်ခဲ့ပြီး ပြိုင်ဖက် Khabib Nurmagomedovအတွက် စိတ်လှုပ်ရှားစရာဖြစ်နေခဲ့ပါတယ်။

Khabib Nurmagomedovကလဲ McGregor နဲ့ ထိုးသတ်မဲ့ ပွဲအတွက် ရေကုန်ရေခမ်းကြိုးစားနေပါတယ်။ သူတို့နှစ်ယောက်ရဲ့ပွဲကို လက်ဝှေ့တစ်လောကလုံးက စောင်မျှော်နေကြပြီး UFC fighter လောကရဲ့ သမိုင်းဝင်မဲ့ ပွဲ တစ်ပွဲလဲ ဖြစ်ပါတယ်။နှစ်ယောက်စလုံးကတော့ UFC fighter တွေထိုးသတ်ဖို့ ကြောက်ရွံနေကြသူတွေဖြစ်ပြီး UFC လောကရဲ့ ဘုရင်တွေဆိုလဲ မမှားပါဘူး။ 

SOURCE: MAIL ONLINE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။