ကမ္ဘာကျော် luxury fashion company ဖြစ်တဲ့ Versace အမှတ်တံဆိပ် အိတ်၊ ဖိနပ်၊ အင်္ကျီ တွေဟာ ကမ္ဘာတစ်ဝန်းက အထက်တန်းလွှာ အမျိုးသား၊ အမျိုးသမီး တွေရဲ့ ကိုယ်ပိုင် Trend တစ်ခုဖြစ်ပါတယ်။ တန်ဖိုးဈေးကြီးသလို ကမ္ဘာကောျ်အမှတ်တံဆိပ်တစ်ခု ဖြစ်တာကြောင့်အမျိုးသမီးတိုင်း ဒီ အမှတ်တံဆိပ် ကို ရွှေထက် ၊ ကျောက်မျက်ရတနာထက် တန်ဖိုးထားသလို ဖက်ရှင်လ်ကို တန်ဖိုးထားတဲ့ Celebrity တိုင်းက လည်း ဒီ တွဆိပ်ကို ဝတ်ဆင်ကြပါတယ်။

အရည်အသွေး၊ ခိုင်မာတဲ့ Quality နဲ့ လူအများကြားမှာ ထင်ပေါ်စေတဲ့ ထိုးဖောက်မှုနဲ့ အရှိန်အဟုန်ကြီးတဲ့ Versace luxury fashion companyကို 1978 ခုနှစ်မှာ Gianni Versace ဆိုတဲ့ အမျိုးသား ကစတင်တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းလာတဲ့ အောင်မြင်လာတဲံ အောင်မြင်မှု နဲ့အတူ ယနေ့ Versace company မှာ အလုပ်လုပ်နေတဲ့ဖက်ရှင်လ် အလုပ်သမားများ(၁၅၀၀) ရှိပါတယ်။

ဒီလို အောင်မြင်ကျော်ကြားပြီး ရေပန်းစားတဲ့ Versace တံဆိပ်ကို လတ်တလော ဟိုးလေးတကျော်ဖြစ်အောင် ဝတ်ဆင်လိုက်သူကတော့ ကမ္ဘာကျော် ပေါ့ခ် အဆိုတော် Jennifer Lopez ဖြစ်ပါတယ်။ အမိုက်စားနဲ့ ခပ်မြူးမြူး သီချင်းတွေကို သီဆိုပြီး ကမ္ဘာကျော်တဲ့ ကောက်ကြောင်းကို ပါပိုင်ဆိုင်ထားတဲ့ Jennifer Lopezဟာ ဖက်ရှင်လ်မှာလည်း ဘုရင်မ တစ်ဆူလို့ ဆိုရမှာပါ။ သူမဟာ သြဂုတ်လ(၁)ရက်နေ့2018 MTV VMAs at MTV Studios ပွဲကို တက်ရောက်လာခဲ့ပြီး သူမ ဝတ်ဆင်ခဲ့တဲ့ Versace အမှတ်တံဆိပ် Jeans boots ဟာ အမျိုးသမီးတွေရဲ့ ဖက်ရှင်လ်ကြားမှာ ဟိုးလေးတကျော် ရေပန်းစားသွားခဲ့ရပါတယ်။ 

သူမ ဟာ အဖြူရောင် ရှပ်အဖြူကို တင်ပါးထိ ဖုံးအောင် ခပ်ပွပွ ဝတ်ဆင်ထားပြီး ဆံပင်ကို အပြောင်သိမ်းကာ စည်းနှောင်ထားပါတယ်။ နေကာမျက်မှန်ကို တပ်ဆင်ထားပြီး သူမရဲက လည်တိုင်မှာ Personalized သီသန့် ပြုလုပ်ထားတဲ့ ဆွဲကြိုးလေးကို ပန်ဆင်ထားပါတယ်။ အသက်(၄၉) နှစ် ရှိပြီ ဆိုပေမဲ့လည်း အသက်(၂၀) အရွယ် ဖက်ရှင်လ်မယ်လေးလို အမြဲ ခေတ်ရှေ့ပြေးနေတာကြောင့် သူမရဲ့အမိုက်စား ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

source: https://www.mirror.co.uk/3am/style/celebrity-fashion/jennifer-lopez-steps-out-versace-13014494;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။