စိုးညီမတွေထဲက ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာတစ်ယောက် လက်ရှိမှာ တော့ ခင်မင်းရင်းနှီးသူတွေနဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အချိန်တွေဘယ်လောက်ပဲကြာသွားပါစေ သူမရဲ့လှပတဲ့ ပုံရိပ်တွေက အမြဲတမ်း တည်ရှိနေဆဲပါပဲ။ Single Mother အဖြစ်နဲ့ ဘဝကို ရဲရင့်စွာ ရပ်တညနေပြီး လက်ရှိမှာတော့ အဆိုတော်သရုပ်ေ်ဆာင် စိုးသူနဲ့အတူ ကြည်နူးစရာ ကောင်းတဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်နေကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သြစတေးလျမှာ သူမက အပျော်ကြီးပျော်နေတာဖြစ်ပြီး ချစ်သူဖြစ်သူကို လည်း သတိရနေကြောင်း ပုံနဲ့တကွ တင်လိုက်တာပဲ ဖြစ်ပါတယ်။ သူမ သြစတေးလျရောက် နေစဉ်မှာပဲ သရုပ်ဆောင်လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးတို့ရဲ့ နေအိမ်ကိုလည်း သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ အဆိုတော်ရတနာနဲ့အတူ ရောက်ရှိနေတာဖြစ်ပြီး သူမတို့ရဲ့ပျော်ရွှင်စရာ ခရီးစဉ်လေးက တကယ်ကိုအားကျစရာပါပဲ။

သူမရဲ့ချစ်သူကို လွမ်းနေတယ်ဆိုတဲ့အကြောင်းကို " အတူရှိတဲ့ ချစ်သူတွေကို ဓာတ်ပုံရိုက် ပေးရင်း ကျန်ခဲ့တဲ့ ချစ်သူ နဲ့လဲ အလွမ်းသယ် ရင်းးးး " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်သူ ကတော့ ပိုပြီးလွမ်းနေရတော့မှာ အသေအခာျပါပဲ။ အသက်လေးဆယ်ကျော်အရွယ် အမျိုး သမီးတစ်ယောက် ဖြစ်ပြီး ကလေးတစ်ယောက်မိခင်ပါဖြစ်ပေမယ့် သူမက နုနေဆဲ လှနေဆဲ ကြည့်ကောင်းနေဆဲပါပဲ။ အမြဲတမ်းလန်းလွန်းနေတဲ့ ဒါဒါ့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေး လိုက်ပြီနော်။

Photo - SOE MYAT NANDAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။