ပြိုင်ပွဲမှာ ပရိသတ်အများဆုံးရထားတဲ့ ဖြိုးမြတ်အောင်က အဆိုတော်လင်းလင်းရဲ့ “သုည” ဆိုတဲ့ တေးသီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ သီဆိုယှဉ်ပြိုင်မှုတိုင်းမှာ အမြဲတမ်းလိုလို အကဲဖြတ်ဒိုင် တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးစကားကို ရရှိထားတဲ့ ဖြိုးမြတ်အောင် ကလည်း ဒီတခေါက် သူရဲ့ယှဉ်ပြိုင်မှုအပြီးမှာ အင်တာနေရှင်နယ် မှီတဲ့ အဆိုရှင် တယောက် ၊ U2 အဖွဲ့ အဆိုတော် Bono နဲ့ တူတယ်လို့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးခံရမှုကို ရရှိခဲ့ပါတယ်။ဒီနေ့မှာတော့ Myanmar Idol Result Show ကို ည ၉ နာရီမှာပြုလုပ်မှာဖြစ်ပြီး မဲရရှိသူ အနည်းဆုံး တဦးက ထွက်ရမှာဖြစ်ပြီး ကျန်နှစ်ဦးကတော့ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်တဲ့ Grand Final ကို တက်ရောက်ပြီး နောက်ဆုံးယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုအများဆုံးက ဘယ်သူတွေဖြစ်ပြီး ပြိုင်ပွဲက မဲစနစ်အရ ထွက်ရမယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ ဒီနေ့ည ၉ နာရီမှာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ဖြိုးမြတ်အောင်အတွက် နောက်ထပ်ဝန်းရံလိုက်ကြသူတွေ ထဲမှာ ထပ်မံပါဝင်လာတာကတော့ နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်၊ စုလှိုင်နှင်း ၊ မိုးပြည့်ပြည့်မောင် ၊လင်းဇာခြည်ဇော်တို့ပါဝင်ခဲ့ပါတယ်။ ဒီလို နာမည်ကြီးအနုပညာရှင်တွေ ရဲ့ ဝန်းရံပေးနေကြတာ ကို ခံရတဲ့အတွက် ဖြိုးမြတ်အောင် ဟာ Winner တစ်ယောက်ဖြစ်လာနိုင်မလားလို့သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ဟာ ပရိသတ်ရဲ့ ချစ်ခင်နှစ်သက်မှု တွေကို အများဆုံးရရှိခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေက တော့ မနေ့ညက ဖြိုးမြတ်အောင်ရဲ့ သီဆိုမှုတွေဟာ ပရိသတ်တွေရဲ့ဝက်ဝက်ကွဲ အားပေးမှုတွေကို ရရှိထားတာလည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ဟာ ပရိသတ်တွေရဲ့ထူးခြားတဲ့ အားပေးမှုတွေ ၊ ဝန်းရံမှုတွေကြောင့် လည်း Myanmar Idol မှာ အာရုံစိုက်ခံနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ ကဲ ဒီလို နိုင်ငံကျော်တွေက ဝန်းရံမှုတွေရရှိထားတဲ့ ဖြိုးမြတ်အောင်တစ်ယောက် မြန်မာပြည်ကြီးရဲ့ IDOL တစ်ယောက်ဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြပါသလား ။မိမိတို့ရဲ့ ယူဆချက်တွေကို မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

Source -KhinZar ChiKyaw / Su Hlaing Hnin/ Eimon Moe Pyae / Linn Zar Ni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။