အသက် ၇၁ နှစ်အရွယ်ရှိ အဘွားအိုတဦးကကတော့ ကမ္ဘာကျော် America’s Got Talent ပြိုင်ပွဲတွင် ပရိသတ်တွေအားလုံးနဲ့ ဒိုင်တွေကို ပါးးစပ်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။ကွင်းဘိုမီလီယာ အမည်ရတဲ့ အဆိုပါ အဘွားအိုကတော့ ထိုင်းနိုင်ငံဖွားတစ်ဦးဖြစ်ပြီ ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့တာ ၅၅ နှစ်နီးပါးရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။အဘွားအိုကတော့ America’s Got Talent ပြိုင်ပွဲမှာ အံ့သြမှင်သက်လောက်စရာကကွက်တွေနဲ့ ပြိုင်ပွဲဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

သူမ America’s Got Talent ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကကွက်ကို ၁၀ နှစ်နီးပါးလောက်လ့ကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲမှာ ဗြိတိန်အဆိုတော် Fleur East ရဲ့ Sax သီချင်းနဲ့ အကစွမ်းရည် ပြသခဲ့တာဖြစ်ပြီး သူနဲ့အတူ အသက် ၃၅ နှစ်အရွယ် အမျိုးသား မီရှာဗလာဆော့ဗ်နဲ့ အတူတွဲဖက်ဖျော်ဖြေခဲ့ပဲဖြစ်ပါတယ်။သူမက ခုလိုဖျော်ဖြေကပြနိုင်ဖို့၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ထိုင်းနိုင်ငံက ကျေးလက်ဒေသမှာ နေထိုင်ခဲ့တဲ့ အချိန်တွေမှာ အားပေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

ဒိုင်တွေကလည်းသူမကို အံ့သြစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးအဖြစ် မှတ်ချက်ကောင်းတွေပေးခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူမရဲ့ဖျော်ဖြေမှု ဒီယိုဖိုင်လေးဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာအရမ်းကိုပျံ့နှံ့နေခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ ၁ သန်းကျော်ရှိနေခဲ့ပြီလို့သိရပါတယ်။ပရိသတ်တွေအတွက်လည်း အသက် ၇၁ နှစ်အရွယ်ရှိ အဘွားအိုရဲ့ အမိုက်စားကကွက်တွေနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် America’s Got Talentဝင်ရောက်ယှဉ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။  

America’s Got Talent  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။