ဒီအမျိုးသမီးတွေမှာ အမျိုးသားတွေ ဘယ်လိုမှခန့်မှန်းနိုင်မှာမဟုတ်တဲ့ အချက်တွေရှိပါတယ်။

၁။ သူတို့ဟာ ယောကျာ်းမုန်းတီးရေးဝါဒကို လက်ကိုင်ထားသူတွေမဟုတ်ကြပါဘူး။

သူတို့မှာလဲ တစ်နေ့မှာချစ်ရတဲ့ယောကျာ်းတစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်ပြီး ကလေးလေးတွေမွေးဖွားပြီး ဘဝကို အတူတူဖြတ်သန်းချင်တဲ့စိတ်ရှိကြပါတယ်။

၂။ သူတို့လိုအပ်လို့ဂရုစိုက်ပေးရတဲ့ယောကျာ်းတစ်ယောက်ထက် လိုလိုလားလားနဲ့ဂရုစိုက်ပေးတဲ့ယောကျာ်းမျိုး

စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေဟာ များသောအားဖြင့် ကိုယ်​့ကိုယ်​ကို ဦးဆောင်တတ်တာမို့ သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်ကြပါတယ်။ ဒါဟာ သူတို့ကိုဂရုစိုက်ပေးမယ့်ယောကျာ်း မလိုအပ်ဘူးလို့ ပြောလိုက်တာမဟုတ်သလို၊ သူတို့လိုအပ်တာက ရင်ထဲကနှစ်နှစ်ကာကာနဲ့ ဂရုစိုက်မှုပေးနိုင်တဲ့ယောကျာ်းမျိုးကိုသာ လိုချင်ကြတာပါ။

၃။ သူတို့ကိုယ်ပိုင်တန်ဖိုးနဲ့သူတို့

ထက်မြက်ပြီး ဦးဆောင်နိုင်တဲ့အမျိုးသမီးတွေမှာ သူတို့ရဲ့ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဝင်ငွေဆိုတာရှိပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ချစ်သူယောကျာ်းလေးကို သူတို့ရဲ့အလုပ်အပေါ် တန်းတူ လေးစားတန်ဖိုးထားစေချင်ကြပါတယ်။

၄။ တစ်ခြားသူတွေရဲ့ခွင့်ပြုချက်မလိုဘူး

တကယ်လို့သာ သူတို်ရဲ့ချစ်သူယောကျာ်းလေးဟာ ဘာလုပ်ဘာလုပ်လို့ပြောလာရင် ပြောတဲ့အကြောင်းအရာကို စဉ်းစားပေးမှာဖြစ်ပြီး မှန်တယ်ထင်တာကိုတော့ သူတို့ဟာသူတို့စဉ်းစားပြီးပဲ လုပ်သွားမှာဖြစ်ပါတယ်။

၅။ တန်းတူညီမျှဆက်ဆံမှု

အမျိုးသမီးဆိုပြီး ဟိုဟာမလုပ်နိုင်၊ ဒီဟာမလုပ်နိုင်ဆိုပြီး အထင်သေးတာကို သူတို့လက်မခံနိုင်ပါဘူး။ ဒါ့အပြင် အိမ်ထောင်ရှင်မတစ်ယောက် တစ်နေကုန်အိမ်အလုပ်လုပ်နေရမယ့်အစား သက်ဆိုင်သူနဲ့ တာဝန်ခွဲဝေပြီး လုပ်ရတာကိုပဲ သူတို့ကသဘောကျကြပါတယ်။

၆။ အချိန်ဆွဲပြီး မမူနိုင်တာ

တခြားမိန်းကလေးတွေလို အချိန်ဆွဲပြီး မူနေဖို့သူတို့မှာအချိန်မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ကိုချစ်ပြီး ပြတ်ပြတ်သားသားပြောနိုင်တဲ့ ယောကျာ်းမျိုးကိုပဲ မဆိုင်းမတွရွေးချယ်တတ်ကြပါတယ်။

၇။ လက်တွဲဖော်ရွေးတဲ့နေရာမှာ ပိုက်ဆံကနောက်ဆုံးက

သူတို့လက်တွဲဖော်ဟာ သစ္စာရှိရှိ ရိုးရိုးသားသားနဲ့ သူတို့ကိုချစ်ဖို့ သူတို့အမြဲစဉ်းစားပါတယ်။ လက်တွဲဖော်ရွေးတဲ့နေရာမှာ ပိုက်ဆံအနေအထားကိုကြည့်တာထက် သူတို့ဘဝအတွက်အကောင်းဆုံးလူတစ်ယောက်ဖြစ်ရဲ့လားဆိုတာကိုပဲ ကြည့်ပြီးရွေးချယ်တတ်ကြပါတယ်။

Source : wittyfeed

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။