ကမ္ဘာအချောဆုံးနဲ့ အခန့်ညားဆုံးအမျိုးသားတွေထဲက တစ်ဦးဖြစ်တဲ့ တိုက်တန်းနစ်မင်းသားချော Leonardo DiCaprio ဟာ လက်ရှိမှာ အသက်(၄၃) နှစ် ရှိပြီ ဖြစ်သော်လည်း သူ့ရဲ့ အောင်မြင်မှုနဲ့ စန်းကတော့ ယနေ့တိုင် မကျသေးဘူးလို့ဆိုရမှာပါ။ တိုက်တန်းနစ် ရုပ်ရှင်ဇာတ်လမ်းထဲက jack ဆိုတဲ့ ခပ်ချောချော ကောင်လေးဟာဆိုရင်တော့ ယနေ့မှာလည်း နုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကြိုက်နေရဆဲ ဦး အရွယ် မင်းသားတစ်လက်ဖြစ်ပါတယ်။

ယနေ့တိုင် အောင်မြင်နေဆဲ စန်းတွေနဲ့ အတူ လက်ရှိမှာ လည်း သူ့ထက် အသက်(၂၂) မျှငယ်တဲ့ ချစ်သူကောင်မလေး ဖြစ်တဲ့ ခပ်ချောချော မော်ဒယ်လ် မင်းသမီးလေး Camila Morrone ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Camila Morroneကတော့ လက်ရှိမှာ အသက်(၂၁) သာရှိသေးလည်း အောင်မြင်တဲ့ ကမ္ဘာကျော် မင်းသမီး နဲ့ မော်ဒယ်လ်ချောလေး ဖြစ်ပါတယ်။ အသက်အရွယ် ကွာပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့ စုံတွဲလေးဟာ ဇူလှိုင်(၃၁)ရက်နေ့က အပျော်စီးသင်္ဘော တစ်ခုပေါ်မှာ ချိန်းတွေ့ကာ အနားယူခဲ့ကြပြီး သူတို့ရဲ့ ချစ်စရာပုံရိပ်တွေကို အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။ 

အပျော်စီးသင်္ဘောပေါ်မှာ ပါရှိတဲ့ စားသောက်ဆိုင်လေးမှာ သူတို့ နှစ်ဦး အတူတူ ထိုင်ကာ ကော်ဖီသောက်ရင်း တီတီတာတာ စကားလေးတွေဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဘေးမှာ အခြားသော သူငယ်ချင်းတွေက စနောက်ခဲ့ပြီး တစ်ယောက်မျက်နာ တစ်ယောက် ကြည့်ကာ စနောက်နေခဲ့တာဖြစ်ပါတယ်။ Leonardo ဘေးမှာ ထိုင်ရင်း Selfie တွေ ရိုက်ကူးနေခဲ့သလို နှစ်ဦးစလုံး ပြုံးပျော်နေတာ ကို တွေ့ရမှာပါ။ သူတိုချစ်သူနှစ်ဦးဟာ 2017ခုနှစ် ဒီဇင်ဘာကနေ စတင် ဒိတ်လုပ်ခဲ့ပြီး ချစ်သူ သက်တမ်းကတော့ (၇)လကျော် ဝန်းကျင်သာရှိသေးတာ ဖြစ်ပါတယ်။

source:http://www.justjared.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။