မကြာခင်ကပြီးဆုံးသွားတဲ့ မြန်မာအသင်းနဲ့ ဘာရိန်းအသင်းတို့ပွဲမှာတော့ ထိုင်းကို အနိုင်ယူထားတဲ့ ဘာရိန်းကို အပြန်အလန်ထိုးဖောက်ကစားနိုင်ခဲ့ပြီး 1 -1ဆိုတဲ့ သရေရလဒ်နဲ့သရေတစ်မှတ်ကို ခွဲယူနိုင်ခဲ့ပါတယ်။ထိုင်းကိုတော့အနိုင်ယူထားတာကြောင့် ဘာရိန်းအနေနဲ့ မြန်မာအသင်းကို ဂိုးပြတ်အနိုင်ယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေထင်ခဲ့သော်လဲ လက်တွေမှာတော့ သရေကစားနိုင်ခဲ့ပါတယ်။

ယနေ့ပွဲမှာ နည်းပြနဲ့ စိတ်ဓာတ်မကျဘဲအကောင်းဆုံးကြိုးစားခဲ့တဲ့ ကစားသမားတွေကို ဂုဏ်ပြု ချီးကျူးရပါမယ်။မြန်မာအသင်းရဲ့ ဂိုးသမားနဲ့ တိုက်စစ်ကစားသမားတွေခြေစွမ်းပြနိုင်ခဲ့ပြီး နောက်တန်းက အနည်းငယ်သာ အမှားရှိခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ နည်းပြသစ်နဲ့ အံဝင်ပြီး ပရိသတ်တွေလိုချင်တဲ့ အနိုင်ရလဒ်ကို မြင်ရဖို့ နည်းနည်းလေးသာလိုတော့တယ်လို့ ဆိုရမှာပါ။

အဆိုပါ သရေရလဒ်ကြောင့် မြန်မာအသင်းအနေနဲ့ ထိုင်းကိုအနိုင်ရှိဖို့ လိုအပ်နေပြီး တောင်ကိုးရီးယားသာ ဘာရိန်းကိုနိုင်ခဲ့ပါက ဖိုင်နယ်ကိုတန်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ယနေ့ညလေးကတော့ မြန်မာပရိသတ်တွေ ကြည်နူးပျော်ရွင်ရတဲ့ ညလေးတစ်ညပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလဲ ဘောလုံးအဆင့်မြင့်မားတဲ့ ဘာရိန်းကို အပြန်အလှန်ထိုးဖောက်ရင်း သရေကစားခဲ့တဲ့ မြန်မာအသင်းအတွက်ဂုဏ်ယူနေမှာပါ။

source  [mff  ] 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။