ပရိသတ်ကြီးရေ မခိုင်လေးကတော့ သရုပ်ဆောင်လည်းကောင်းသလို ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောဆိုတတ်ပြီး လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းဇာတ်ကွက်ကို သဘာဝအကျဆုံး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမက သမီးချောလေး စံထိပ်ထားကိုလည်း ပွဲထုတ်လာတာ တွေ့ရပါတယ်။

လတ်တလောမှာ မခိုင်လေးက သမီးလေးနဲ့အတူ ပွဲအခမ်းအနားတွေကို ဆင်တူဝတ်စုံလေးတွေ တက်ရောက်နေတာ တွေ့ရပါတယ်။ ညီအစ်မတွေလို့ထင်ရလောက်အောင် မခိုင်လေးရဲ့အလှက ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးက "ဣထ္ထိယ" ရုပ်ရှင်ဇာတ်ကားကြီး Press Show ကို သမီးလေးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

မခိုင်လေးတစ်ယောက် ချစ်စရာကောင်းတဲ့ဝတ်စုံလေးနဲ့အတူ ဆယ်ကျော်သက်မလေးတစ်ယောက်လို အလှတွေဖြာနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မခိုင်လေးက " ရုပ်ရှင် press show ညဘက်သွားတာဒီပွဲပထမဦးဆုံးပါ ဣထ္ထိယရုပ်ရှင်၁၀ရက်နေရုံတင်ပါမယ် ရှင် ငယ်ငယ်(အိခိုင်မွန်)ချုပ်ပေးတဲ့dressလေးပါ"ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့အလှပုံလေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မခိုင်လေးရဲ့ နုပျိုလန်းဆန်းနေတဲ့ အလှပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khine Thin Kyi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။