လတ်တလော မြန်မာပြည်မြို့နယ်တော်တော်များများမှာ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ပြည်သူအများအပြားရေဘေးဒုက္ခခံစားနေကြရပါတယ်..။

အဆိုပါ ရေဘေးဒုက္ခသည်များအတွက် တာဝန်ရှိသူများအပြင် ပြည်သူများနဲ့ အနုပညာရှင်တော်တော်များများကလည်း ပံ့ပိုးကူညီမှုများ လုပ်ဆောင်နေပြီး ပရဟိတမင်းသမီး ခိုင်နှင်းဝေကလည်း ရေ လှူဒါန်းကူညီမှုများ သွားရောက်ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

ယနေ့သြဂုတ်လ(၄)ရက်နေ့မှာပဲ ရွှေကြာလူမှုကူညီမှုအသင်းနဲ့အတူ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး၊ သုံးခွမြို့တို့မှာရှိတဲ့ ရေဘေးဒုက္ခသည်များအတွက် အလှူငွေများနဲ့ လိုအပ်တဲ့အစားအစာ၊ အသုံးအဆောင်ပစ္စည်းတို့ကို သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

ရန်ကုန်မှ မနက်စောစော(၅)အချိန်မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး စက်လှေတွေနဲ့ မကြောက်မရွံ့သွားရောက်လှူဒါန်းခဲ့ကြတာလည်း တွေ့ရပါတယ်..။

သွားရောက်လှူဒါန်းနေတဲ့ လှုပ်ရှားမှုပုံရိပ်အချို့ကိုလည်း မင်းသမီးခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြန်လည်မျှဝေထားပြီး ပါဝင်လှူဒါန်းခဲံကြတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်စကားလေးလည်း ပြောထားတာ တွေ့ရပါတယ်..။

ရေဘေးအလှူကိုတော့ ယနေ့မှာစတင်လှူတာဖြစ်ပြီး နောက်နေ့ရက်တွေမှာလည်း ဆက်လက်ပြီး သွားရောက်လှူဒါန်းဦးမှာဖြစ်တဲ့အတွက် ကုသိုလ်ပါဝင်လှူဒါန်းလိုသူများကိုလည်း ခိုင်နှင်းဝေပရဟတိအသင်းရဲ့ ဖုန်းနံပါတ် ( 09250274324,09420124618 ) ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ရေးသားပြောပြထားပါသေးတယ်..။

Photo - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။