ခီမောင်နှံလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် အနုအပညာရှင်ဇနီးမောင်နှံတွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီနားခီတို့ကတော့ ရေဘေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြပါတယ်..။

သြဂုတ်လ(၃)ရက်နေ့က ဇာဏ်ခီတို့ ဇနီးမောင်နှံနဲ့အတူ Our Actor Zenn Kyi(OAZK), We Love Zenn Kyi, We love Christina Kyi နဲ့ We Love and Support Kyi Family (SG) တို့ပူးပေါင်းပြီး အလှူငွေ သိန်း(၇၀)ကျပ်တိတိကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်ပြန်လည်မျှဝေထားပြီး ရေဘေးသင့် ပြည်သူများအားလုံး အမြန်ဆုံးဒုက္ခမှကင်းလွတ်ပြီး အဆင်ပြေကြပါစေဆိုပြီးတော့လည်း ဆုတောင်းစကားလေး ဆိုထားတာ တွေ့ရပါတယ်..။

အချိန်အတိုအတွင်းမှာ တတက်တအား ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်များနဲ့ အလှူငွေတွေစုပေးတဲ့ Admin တွေအားလုံးကိုလည်း ကျေးဇူးတင်ပြီး ဂုဏ်ပြုစကားလေးလည်း ဆိုထားပါသေးတယ်..။

အခုလိုလှူုဒါန်းမှုတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံတို့ကတော့ အနုပညာလောကမှာအောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို သားလေးတစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဆယ်လီမိသားစုလေးဆိုလည်း မမှားပါဘူး..။

ယနေ့လေးမှာတို့ ဇာခီမောင်နှံနဲ့ ပရိသတ်တွေရဲ့ ကြည်နူးသာဓုခေါ်စရာအလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခီမောင်နှံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။