အမြဲလိုလို အပြုံးလေးတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်လေ့ရှိပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ်ကိုတော့ပရိသတ်တွေ ချစ်နေမယ်လို့ထင်ပါတယ်။မြန်မာဝတ်စုံလေးတွေကို အမြဲဝတ်ဆင်တက်တဲ့ သူမကတော့ ယခုအခါမှာလည်း မြန်မာဝတ်စုံလေးနဲ့ကျက်သရေရှိနေပါတယ်။

ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးပေါ်မှာ ဆန်းသစ်တဲ့ တီတွင်မှုတွေနဲ့ လှနေသူလေး ရွှေပိုးအိမ်ကတော့တကယ့်ကိုနန်းဆန်နေတာကိုတွေ့မြင်ရပါတယ်။မြန်မာဝတ်စုံလေးက သူမနဲ့ တကယ့်ကိုလိုက်ဖက်ညီနေပြီးမြင်ရသူ ပရိသတ်တွေရင်ထဲကို လည်းအေးမြစေမှာ အမှန်ပါ။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတဲ့ သူမကိုတော့လူမှုကွန်ယက်ပေါ်မှာလည်း ဝန်းရံမှုတွေများစွာ တွေ့မြင်ရပါတယ်။သူမကတော့ ဒီဝတ်စုံလေးကို ချစ်တယ်ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။