ရိုးသားကြိုးစားတဲ့ ဧရာဝတီသားလေး ဖြိုးမြတ်အောင် တစ်ယောက် ထိုက်ထိုက်တန်တန်နဲ့Myanmar Idol ပြိုင်ပွဲမှာ Grand Final အဆင့်အထိရောက်ရှိသွားပြီဖြစ်ပါတယ် ။ ဖြိုးမြတ်အောင်တစ်ယောက် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ရိုးရိုးသားသားနဲ့ ကြိုးစားခဲ့တဲ့ အတွက် ပရိသတ်တွေအချစ်ကို ရရှိနေတာလည်းဖြစ်သလို နာမည်ကြီးအနုပညာရှင်တွေရဲ့ ဝန်းရံမှုတွေကို လည်းရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖျော်ဖြေမှုမှာ လင်းလင်း ရဲ့ သုည သီချင်းနဲ့ ဖျော်ဖြေမှုမှာ အမှားအယွင်းတစ်ခုရှိခဲ့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ အကဲဖြတ်ဒိုင်တွေတောင် ဒီအမှားကိုမမြင်နိုင်အောင် ဖြစ်ခဲ့ရပါတယ်.

လင်းလင်း ရဲ့ သုညသီချင်း မှာ စာသားဟာ သုံးမရတဲ့ အနှုတ်တစ်ခုပါ / နှိပ်မရတဲ့ခလုတ်တစ်ခုပါ လို့ Chorus အပိုဒ်မှာ ရှိခဲ့ပေမယ့် နှစ်ခုလုံးကို ပေါင်းပြီး အနှုတ်မရတဲ့ခလုတ်တစ်ခုပါဆိုပြီး ဖြိုးမြတ်အောင်က ပထမChorus အပိုဒ်မှာသီဆိုခဲ့တာပါ ။အနှုတ်မရတဲ့ ခလုတ်တစ်ခုပါဆိုတဲ့စာသားဟာ သီချင်းရဲ့ မူလအဓ်ပ္ပာယ်ကနေ လုံးဝသွေဖယ်သွားခဲ့တာတောင် ပရိသတ်တွေရော ၊ အကဲဖြတ်ဒိုင်တွေကပါ ဒီအမှားကို မသိရှိခဲ့ပါဘူး ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့မှတ်ချက်တွေကို လည်း မကြားသေးပါဘူး ။ ဘယ်လိုတွေဘဲ မှားခဲ့ပါစေ ဖြိုးမြတ်အောင်တစ်ယောက် ကတော့ မြန်မာပြည်ကြီးက ပရိသတ်တွေရဲ့ အချစ်တွေနဲ့ Grand Final အထိတက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာ Myanmar Idol တစ်လျှောက်မှာ ထူးခြားတဲ့ ဂီတစွမ်းရည်တွေကို ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ အခက်အခဲများ ကြားကနေ တောက်ပလာတဲ့ ကြယ်တစ်ပွင့်အဖြစ်လည်း ပရိသတ် က လက်ခံထားကြတာလည်းဖြစ်ပါတယ်။ ရိုးသားတဲ့ စိတ်ထားကြောင့် အမှတ်အပြည့် ပေးခံထားရတဲ့ လပ်ကီးဆဲဗင်း နံပါတ်ပိုင်ရှင်ပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ကို Idol ဖြစ်စေချင်ကြတယ်ဆိုရင်ဖြင့် မှတ်ချက်မှာဆုတောင်းစကားလေးများရေးသားသွားပေးကြပါနော်။

Source - Myanmar Idol / MNTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။