မျိုးစန္ဒီကျော် မင်းသမီး မျိုးစန္ဒီကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မတွေ့ရတာကြာပြီဖြစ်ပေမယ့် ပရိတ်သတ်တွေကတော့ သတိရနေကြဆဲပါပဲ ။မျိုးစန္ဒီကျော်တင်မက မျိုးစန္ဒီကျော်ရဲ့ သမီးလေးကိုပါ ဝိုင်းဝန်းချစ်ခင်နေကြတာပါ ။ ယခုအချိန်မှာတော့ အိမ်ထောင်ပြုစဉ်က မိဘများသဘောမတူသူကိုရွေးချယ်မိခဲ့တဲ့ သူ့ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးအကြောင်းကို မျိုးစန္ဒီကျော်က မီဒီယာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြခဲ့ပါတယ် ။ဒီကိစ္စ နဲ့ ပတ်သက်လို့ အကျယ်တဝင့် ဖြေရှင်းပြလိုက်သူက သူမခင်ပွန်းဖြစ်တဲ့ အဆိုတော် ဖြိုးကျော်ကျော်မြတ်ပါ ။

ဖြိုးကျော်က အခုတစ်ခေါက်မှာလည်းဒုတိယအကြိမ် နာမည်ကျော်ဗီလိန်ကြီးထပ်ဖြစ်ရအုံးမယ်ထင်ပါတယ်ဆိုပြီး ခံစားချက်တွေကို ရေးသားခဲ့တာပါ ။ "ပထမအကြိမ်(သူနဲ့စလက်တွဲတဲ့အချိန်)ကလည်း သူအိမ်ဘက်ကတိုက်ခိုက်ထိုးနှက်မှုတွေကြောင့်သူခံစား နာကျင်နေရတဲ့အတွက် သူခံစားချက်တွေဦးစားပေးရင်း ထပ်တူခံစားရင်းနဲ့ ကို့အပေါ်မှာ သူအိမ့်ဘက်က ရစရာမရှိအောင်ပြောတဲ့စကားတွေကို လစ်လျူရှုပြီး ဖြေရှင်းမှုတွေမလုပ်ခဲ့ဘူး..(ဒါပေမယ့်တဖြည်းဖြည်းလူတွေသိသွားခဲ့ပါတယ်)အခု ဒုတိယအကြိမ်(သူ့ဘက်ကလက်တွဲဖြုတ်ချင်တဲ့အချိန်)ကိုယ်ချစ်ခဲ့ရတဲ့အချစ်တွေရဲ့တန်ဖိုးအတွက်၊ကိုယ့်အမေနဲ့မိသားစုရဲ့သူအပေါ်ထားခဲ့တဲ့မေတ္တာ၊ဂရုစိုက်မှုတွေနဲ့ သိက္ခာအတွက်(ဖြေရှင်းရတော့မှာလား)ကိုယ့်သိက္ခာအတွက်တော့ထည့်မတွက်ပါဘူး ..ကိုယ့်ကိုကို ယုံကြည်တယ် လိပ်ပြာသန့်တယ် ကိုယ်နဲ့ပါတ်သက်တဲ့ မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဖက် ပြောဆိုဆက်ဆံဖူးတဲ့သူတွေ အကုန်သိပါတယ်.." လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဖြိုးကျော်က"အပြန်အလှန်လုပ်ရပ်တွေကြောင့် အသက်ထက်မကချစ်ရတဲ့သမီးလေးရဲ့စိတ်ကိုထပ်ပြီးမထိခိုက်စေချင်ဘူး ဒဏ်ရာတွေထပ်မရစေချင်ဘူး..အဖေ့ကိုအထင်မမှားအောင် ဖေဖေ့ခံစားချက်တွေနားလည်အောင်ပဲ ဖေဖေ့လုပ်ရပ်တွေ ဖေဖေကြိုးစားခဲ့တာတွေ ဖေဖေကြုံတွေ့ခဲ့ရတာတွေ ဝမ်းနည်းခံစားခဲ့ရတာတွေ ပုံစံမျိုးစုံနဲ့သက်သေတွေအဖြစ် အကုန်အတိအကျသိမ်းထားတယ် ..ဖေဖေ့ကိုအရမ်းချစ်တဲ့သမီးလေး ဖေဖေ့ကို မမုန်းဖို့အတွက်ရည်ရွယ်ပြီးဒီစာကိုတင်လိုက်တာပါလို့လည်းရေးသားထားပြီးမင်းဘက်ကအရာရာသာပါတယ်ကြိုက်သလိုသာ အနိုင်ယူတော့C.L "လို့ အဆုံးသတ်ထားပါတယ်။ ပရိသတ်ကြီးရေ မိဘတွေရဲ့ အက်ကွဲသံပါတဲ့ အိမ်ထောင်ရေးသံသရာမှာ သားသမီးတွေက မြေဇာပင်ဖြစ်ရတာ ကသဘာဝကျပါသလား.......... မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

Source - Phyokyawkyaw Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။