ဥရောပဘက်ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ခရီးတွေဆက်တိုက်ထွက်ရှိနေတဲ့ သရုပ်ဆောင်မင်းသမီးချောစမိုင်းလ်တစ်ယောက်ကတော့ ကမ္ဘာကျော် ဝင်ဘယ်လ်ဒမ် တင်းနစ်ကွင်းကြီးကို အရောက်သွားခဲ့တယ်လို့ ဆိုပါတယ်..။

လန်ဒန်မြို့မှာရှိတဲ့ နာမည်ကျော်လွန်းတဲ့ အားကစားကွင်းကြီးဖြစ်တဲ့ ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်ပ် တင်းနစ်အားကစားကွင်းကို ခင်ပွန်းသည်နဲ့အတူ အလည်အပတ်သွားရောက်ခဲ့တာ ဖြစ်ပါတယ်..။

တင်းနစ်အားကစားကို အရမ်းကြီး မကြိုက်ပေမယ့်လည်း ဝင်ဘယ်လ်ဒမ် တင်းနစ်ကွင်းကို အလည်အပတ်သွားရောက်ခဲ့တဲ့ အပန်းဖြေခရီးပုံရိပ်လေးတွေကိုလည်း စမိုင်းလ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..

“Wimbledon သို့အလည်တစ်ခေါက် တင်းနစ်ကိုအဲလောက်မကြိုက်ပေမဲ့ နာမည်ကြီးကွင်းကိုတော့အရောက်သွားခဲ့တယ်.. မောင်နဲ့ဆင်တူလေးနဲ့ပေါ့ဟိဟိ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

ဝင်ဘယ်လ်ဒမ် တင်းနစ်ပြိုင်ပွဲကိုတော့ (၁၈၇၇)ခုနှစ်ကတည်းက လန်ဒန်မြို့ရဲ့ဆင်ခြေဖုံးဒေသ တစ်ခုဖြစ်တဲ့ ဝင်ဘယ်လ်ဒမ်ရှိ အောလ်အင်္ဂလန်ကလပ်မှာ ကျင်းပလေ့ရှိပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တင်ဒနစ်ပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်..။

ဝင်ဘယ်လ်ဒမ် တင်းနစ်ပြိုင်ပွဲဟာ ဂရင်းန်စလန်းလို့ခေါ်တဲ့ တင်းနစ်ပြိုင်ပွဲကြီး (၄) ခုမှာ တစ်ခု အပါအဝင်ဖြစ်ပြီး အခြား(၃)ခုကတော့ ဩစတြေးလျ အိုးပင်း၊ ပြင်သစ် အိုးပင်း နှင့် အမေရိကန် အိုးပင်း တို့ပဲ ဖြစ်ပါတယ်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။