သြဂုတ်လ ၃ ရက် ညပိုင်းအချိန်က အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် Kurnool မြို့ အနီး ရှိ ကျောက်တူးဖော်ရေး စခန်း မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ် အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းအနည်းဆုံး ၁၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။

ဒီပေါက်ကွဲမှုစာ ပုဂ္ဂလိကပိုင် ကျောက်တူးဖော်ရေး စခန်း တစ်ခု မှာဖြစ်ပွားခဲ့တာဖြစ်ပီး ပေါက်ကွဲမှုကြောင့် ကျောက်တုံးကြီး တစ်ခု က လေထဲ လွင့်စင်သွားပြီး အလုပ်သမား တဲ ပေါ်တို့ ကျရောက် ခဲ့တယ်လို့သိရပါတယ်။ပေါက်ကွဲမှုကြောင့် မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး အနီးအနားပတ်ဝန်ကျင်ရှိ ယာဉ်များ မီးလောင်ခဲ့ရကာအဆောင်အအုံနံရံများ အက်ကြောင်းများဖြစ်ပေါ်ခဲ့ရတယ်လို့လည်းသိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွား သည့် နေရာ တွင် သေဆုံးသူ ၈ ဦး ကို တွေ့ရှိခဲ့ပြီး သြဂုတ်လ ၄ ရက် ဖော်ပြချက်များအရလူအများ ကျောက်တုံးကြီး အောက်တွင် ရောက်ရှိနေသေးတယ်လို့သိရပါတယ်။ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးAndhra ပြည်နယ် ဝန်ကြီးချုပ် က ဒေသတွင်း အစိုးရ အဖွဲ့အစည်းများအား ကယ်ဆယ်ရေး လုပ်ငန်းတွင် အစွမ်းကုန် ပါဝင်ကြရန်လည်းပြောကြားခဲ့ပြီးအခင်းဖြစ်ပွားရသည့် အကြောင်းရင်း အား စုံစမ်းရန် ညွှန်ကြားထားကြောင်း သိရှိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။