သြဂုတ် ၃ ရက်တွ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည်စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရပါတယ်။

သြဂုတ်လ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ် ၎င်းတို့နှစ်ဦးသည် စင်ကာပူနိုင်ငံ၌ တွ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ နယ်ပယ်များစွာ၌ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းလိုကြောင်း ဝမ်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရေးတွင် နိုင်ငံရေးအရ အရေးကြီးသော သဘောတူညီထားကြကြောင်း ဝမ်က ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ဗီယက်နမ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်အကြား မတူညီသော အဆင့်များတွင် ပိုမိုအဆင့်မြင့် ဆက်သွယ်မှုရှိရန် မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။