ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအမြဲအချစ်ပိုစေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ဝစီပတိအဓိဋ္ဌာန် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်..။

သစ်တံခါးဆရာတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သက်သက်လွတ် ဝစိပိတ်အဓိဋ္ဌာန်(၃)ရက်ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

သစ်တံခါးဆရာတော်ကြီးကျောင်းမှာ ဆရာတော်ဘုရားရဲ့ မေတ္တာဓာတ်ခံယူကာ အဓိဋ္ဌာန်(၃)ရက် အောင်မြင်စွာပြီးဆုံးခဲ့တဲ့ အကြောင်းလေးကိုလည်း (၇)ရက်သားသမီးပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်အတွက်လည်း နန်းနန်းက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ဓာတ်ပုံလေးတွေလည်း ပြန်လည်မျှဝေထားပြီး ပုံလေးတွေကတော့ အဓိဋ္ဌာန်ထွက်မှ ရိုက်ကူးဓာတ်ဖမ်းခဲ့တာ ဖြစ်တယ်ဆိုပြီးတော့လည်း ချစ်စဖွယ်လေးရေးသားပြောပြထားပါသေးတယ်..။

အောင်မြင်တဲ့သရုပ်ဆောင်မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ မင်းသမီးနန်းစန္ဒာလှထွန်းကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွေကနေ ပရိသတ်တွေသတိထားမိခဲ့ကြပြီး လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူလေးလည်း ဖြစ်ပါတယ်..။

အဓိဋ္ဌာန်ပြုရင်း (၇)ရက်သားသမီးပရိသတ်တွေအတွက်လည်း ဆုတောင်းပေးခဲ့ပြီး သူမပြုပြုသမျှ ကောင်းမှုကုသိုလ်လေးတွေကိုလည်း နတ်လူသာဓုခေါ်ဆိုနိုင်ကြပါစေလို့လည်း ကုသိုလ်အမျှပေးထားတာမို့ ချစ်ရတဲ့ပရိသတ်ကြီးများကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Photo - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။