မြန်မာအိုင်ဒေါ ပွဲဟာ နောက်ဆုံး ဖိုင်နယ်ကို ရောက်ရှိလာချိန်မှာ ချမ်းမြေ့မောင်ချို ဟာ ယမန်နေ့ညက ကေကေမိုးရဲ့ သီချင်း ဖြစ်တဲ့ ကျွန်မနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ရမှာအမှားလေးတွေ ရှိခဲ့တောင်ကြောင့် ကေကေမိုး Fan တွေက ပေါက်ကွဲခဲ့ကြပါတယ် ။ဒီလိုအမှားတွေရှိနေတဲ့ကြားထဲကဘဲ မောင်ချိုတစ်ယောက် Grand Final ပွဲကို တက်ရောက်ခွင့်ရရှိသွားတဲ့အတွက် တချို့သောပရိသတ်တွေကဝေဖန်သံတွေဆူညံခဲ့ပါတယ် ။ယမန်နေ့ည Result Show ရဲ့ အဖြေကြောင့် ပရိသတ်တော်တေ်ာများများပေါက်ကွဲခဲ့ကြတာလည်းဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိူုဟာ Myanmar Idol လက်ရှိ Season မှာ အသက်အငယ်ဆုံး နှင့် အမှားတွေအများဆုံးလုပ်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့ သူမကို မကြိုက်တဲ့ ပရိသတ်တွေကပြောဆိုနေကြပါတယ်။ သူမကို အမာခံအားပေးနေကြတဲ့သူတွေကတော့ ဘယ်လိုဘဲဖြစ်နေဖြစ်နေ သာယာချိုမြန်တဲ့အသံနဲ့ ကိုယ်ပိုင်သီဆိုဟန် ၊ ချစ်စရာအမူအရာလေးတွေကြောင့် ပိုပိုပြီး အားပေးနေကြတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ပြိုင်ပွဲတစ်လျှောက်လုံးမှာ အမှားလေးတွေနည်းနည်းချင်းစီရှိခဲ့တဲ့ အတွက် Idol တစ်ယောက်ဖြစ်မလာသင့်ဘူး လို့သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။

မနေ့ညက Result ရလာဒ်မထွက်ခင်ကတည်းက အိမ်ပြန်ဖို့အတွက် ပြင်ဆင်ထားပြီးပြီလို့ မောင်ချိုတစ်ယောက် မီဒီယာတွေကို ပြောဆိုခဲ့ပြီး တကယ်တော်တဲ့ အစ်ကို နှစ်ယောက်ကို Winner ဖြစ်စေချင်မိတယ်လို့လည်း အင်တာဗျူးတွေမှာပြောဆိုထားတာ ဖြစ်ပါတယ်။ Voting စနစ် ကို ကျင့်သုံးတဲ့ အဆိုပြိုင်ပွဲတွေဟာ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာမဟုတ်ဘူးလို့ ဂီတပညာရှင်အသိုင်းအဝိုင်းတွေက သုံးသပ်ကြသလို ၊ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေကို လင်းလက်တောက်ပစေချင်ကြလို့ Vote ပေးခြင်းကိုဆာလောင်နေကြတဲံ ပရိသတ်တွေလည်းရှိနေကြပါတယ်။ ပရိသတ်ကြီးရေ မောင်ချိုက တော့ ဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တာမို့ မှတ်ချက်မှာအားပေးစကားလေး ပြောပေးခဲ့ကြပါဦးလို့ /

Source - MNTV/ Myanmar Idol

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။