ပရဟိခေါင်းဆောင် မင်းသားကြီးအဖြစ် ပရိသတ်တွေအားပေးချစ်ရတဲ့ ဝေဠုကျော်တစ်ယောက်ကတော့ ရေဘေးကူညီမှုအတွက် သွားရင်း ထမင်းတစ်နပ်ငတ်တော့မလိုတောင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်.. ။

လတ်တလောမြန်မာပြည်မြို့နယ်တော်တော်များများဟာ သဘာဝေဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သရုပ်ဆောင်မင်းသားဝေဠုကျော်ကလည်း ရေကြီးမှုများကြောင့် ရေဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

ပရဟိတမင်းသားဝေဠုကျော်ဟာ လတ်တလောမှာတော့ ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်အနီးက ရွာတွေကို ရောက်ရှိနေပြီး ရေဘေးဒုက္ခသည်းများအတွက် အစားအစာများနဲ့ အသုံးအဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်..။

အဆိုပါ ရေဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး မစားရတော့ဘူးထင်ရတဲ့ နေ့လည်စာထမင်းတစ်နပ်ကို နေ့လည် (၂)ကျော်မှ ရွာသားတွေက စက်လှေပေါ်အထိနောက်ကလိုက်လာပြီး ကျွေးမှ စားခဲ့ရတယ်လို့ သိရပါတယ်..။

နေ့လည်စာ ထမင်းတစ်နပ်ကို စက်လှေပေါ်အထိလိုက်ပြီး ထမင်းကျွေးခဲ့တဲ့ ရွာသားတွေကိုလည်း ဝေဠုကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်..။

“ရေဘေး ကယ်ဆယ် လှူဒါန်းရေးသွားရင်း စားခဲ့

ရသည့် ထမင်းတစ်နပ်

မစားရတော့ဖူး ထင်ထားရာမှ နေ့လည်၂နာရီခွဲမှာမှ စားခဲ့ရသည့်ထမင်း တစ်နပ်

စက်လှေပေါ်အထိ နောက်ကလိုက်ပြိး ထမင်းကျွေးသော ရွာသူရွာသားများ ကို အထူးပင် ကျေးဇူး တင်ပါတယ်.. ခင်ဗျာ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo - ဝေဠုကျော်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။