တောင်ကိုရီယားနိုင်ငံရဲ့ အမိုက်စား K-pop အကျော်အမော်တွေထဲက တစ်ဦးဖြစ်တဲ့ HyunA ဟာ ခပ်မြူးမြူး K-pop သီချင်းတွေနဲ့ sexy ခပ်ကျကျ အကအလှတွေနဲ့ ပုရိသ တွေကိုသာမက မိန်းကလေး ပရိသတ်တွေကိုပါဆွဲဆောင်နိုင်သူ ဖြစ်ပါတယ်။ HyunAနဲ့အတူ Nam Ji-hyun, Heo Ga-yoon, Jeon Ji-yoon, နဲ့Kwon So-hyun ဆိုတဲ့ မိန်းမလှလေး(၅)ဦး ပါဝင်ဖွဲ့စည်းထားတဲ့ 4 Minutes ဆိုတဲ့ မိန်းကလေး band အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အဖွဲ့ကိုတော့ 2016 ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီ မို့ တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။

2011 ခုနှစ်မှာ Bubble Pop! ဆိုတဲ့ သူမရဲက ပထမဆုံး Single Somg ကို ထွက်ရှိခဲ့ပြီး ကမ္ဘာကျော် အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့Psy's ရဲ့ "Gangnam Style"မှာလည်း ပါဝင်သီဆိုခဲ့ပါသေးတယ်။ "Ice Cream"၊" Trouble Maker " ," Red' , နဲ့' Lip & Hip " ကဲ့သို့ သော သူမရဲ့ တစ်ကိုယတော် သီချင်းတွေဟာ အတော်လေး အောင်မြင်မှုရရှိခဲ့သလို လက်ရှိမှာ HyunA ဟာCube Entertainment နဲ့ ပူပေါင်းလို့ Hui နဲ့E'Dawn ဆိုတဲ့ ယောကျ်ားလေး အဆိုတော် နှစ်ဦးနဲ့ အတူ Triple H (band) ဆိုတဲ့ အဖွဲ့ကို 2017ခုနှစ်ကနေ စတင်လို့ လက်တွဲတင်ဆက်ခဲ့ပြီး သူတို့bandရဲ့ ပထမဆုံး သီချင်းဖြစ်တဲ့ 365 Fresh ဆိုတဲ့ သီချင်းဟာ လည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။ 

အချစ်ရေးနဲ့ ပတ်သက်လို့ ကော်လဟာလတွေကြားက E’Dawn နဲ့ တွဲနေပါတယ် ဆိုတဲ့ သတင်းကို သူတို့ နှစ်ဦးရဲ့ အေဂျင်စီ ဖြစ်တဲ့ Cube Entertainment မှ အတည်ပြု ပြောကြားလိုက်သလို အနုပညာနဲ့ သီချင်းအလုပ်တွေကို နှစ်ဦးသား အတူတူ စတင်လုပ်ဆောင်ခဲ့စဉ် 2016 ခုနှစ်ထဲက စတင် ဒိတ်လုပ်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ အချစ်ရေးကို fansတွေကို လျို့ဝှက်ထားခဲ့တာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း (၂) နှစ်နီးပါး ရှိပြီ ဖြစ်သလို လွန်ခဲ့တဲ့ သြဂုတ်လ(၂)ရက်နေ့မှာ Yonhap News သတင်းများနဲ့အတူ သူတို့ နှစ်ဦးရဲ့ အေဂျင်စီ ရဲ့ ဖော်ပြချက်များအရ သူတို့အချစ်ရေးအကြောင်းဟာ အမှန်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

source:https://www.soompi.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။