ယနေ့မှာကစားတဲ့ မြန်မာအသင်းနဲ့   ကမ္ဘောဒီးယား  အသင်းတို့ပွဲမှာတော့ မြန်မာအသင်းက ဂိုးပြတ်အနိုင်ယူပြီး အုပ်စုအဆင့်ရဲ့ဒုတိယနေရာကိုတတ်လာပြီး ဗီယက်နမ်အသင်းနဲ့ အမှတ်တူနေပါတယ်။မြန်မာအသင်းကတော့ နောက်ဆံုံးနှစ်ပွဲမှာ11ဂိုးအထိရရှိနေပြီး ပထမပွဲတုန်းကတော့ 7-0နဲ့ ဖိလစ်ပိုင်ကို အနိုင်ယူပြီး ယနေ့မှာလဲ ကမ္ဘောဒီးယား အသင်း  4-1နဲ့အနိုင်ရရှိခဲ့ပြန်ပါတယ်။

မြန်မာအသင်းအနေနဲ့ ထိုင်းနိုင်ငံကိုခြေစမ်းပွဲတွေ ကစားခဲ့ပြီး ထိုင်းအသင်းကို ထိုးဖောက်ခြိမ်းခြောက်နိုင်ခဲ့ပြီး သရေကစားထားတာကြောင့် ပရိသတ်တွေကျေနပ်လောက်တဲ့ အနိုင်ရလဒ်ကို ရယူထားနိုင်ပါတယ်။မြန်မာယူ၁၆ကစားသမားတွေအနေနဲ့ယခင်ကထက် ပိုမိုခြေစွမ်းထက်လာနေပါပြီ။မြန်မာယူ၁၆အနေနဲ့ အခွင့်အရေးတွေများစွာဖန်တီးနိုင်ပြီး အဆုံးသတ်ပိုင်းမှာ အနည်းငယ်သာ လိုအပ်ချက်ရှိနေတာပဲ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ လဲ ၄၃မိနစ်မှာ ဦးဆောင်ဂိုးပေးခံရပေမဲ့လဲ မြန်မာအသင်းဟာ ခွန်ကျော်ဇင်ဟိန်း ၅၆မိနစ် နိုင်ထွေး ၆၀မိနစ်

နောင်နောင်စိုး ၆၅မိနစ် လမင်းထွေး ၈၃မိနစ်မှာဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့နောက်တစ်ပွဲမှာဗီယက်နမ်နဲ့ တွေ့မှာဖြစ်ပြီး ဗီယက်နမ်ကိုနိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ကို တတ်လညနိုင်တော့မှာပဲဖြစ်ပါတယ်။

SOURCE mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။