2018-2019ပရီးမီးယားလိဒ်ပြိုင်ပွဲဟာရှေ့လာမယ့်တစ်ပတ် သြဂုတ်(၁၀)ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်မှာတော့ရာသီအဖွင့်ကွန်မြူနဒီဒိုင်းပွဲစဉ်ကိုအစဉ်အလာတိုင်းကျင်းပသွားမှာဖြစ်ပါတယ်။ပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့FAဖလားချန်ပီယံချယ်လ်ဆီးအသင်းတို့ကလန်ဒန်မြို့ဝင်ဘာလေကွင်းမှာနက်ဖြန်ည၈နာရီခွဲမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ရာသီကြိုခြေစွမ်းပွဲတွေမှာအနိုင်ရလဒ်ရရှိတွေနဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပီးမန်စီးတီးအသင်းကတော့ရလဒ်မကောင်းပဲအရှုံးတွေနဲ့ကြုံတွေခဲ့ရတာဖြစ်ပါတယ်။ပရီးမီးယားလိဒ်ပြိုင်ပွဲမစခင်မှာယှဉ်ပြိုင်မယ့်သူ့တို့နှစ်သင်းယှဉ်ပြိုင်မယ့်ပွဲကလည်းပရိတ်သတ်တွေအကြိုက်ဖြစ်မှာကျိန်းသေပါတယ်။

ဒီပြိုင်ပွဲကတော့အပြောင်းအရွေ့ရာသီမပိတ်ခင်အသင်းရဲ့အားနည်းချက်တွေကိုအဖြေရှာလို့ရတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။၂၀၁၈ကမ္ဘာဖလားပြိုင်ပွဲဝင်နှစ်သင်းကစားသမားအချို့ကဒီဖလားပွဲကိုလွဲချော်မှာလည်းဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ်ဆာရီကတော့အင်္ဂလန်မြေမှာ ဂွါဒီယိုလာနဲ့ပထမဆုံးစမ်းသပ်ခံရမယ့်ကွန်မြူနဒီဒိုင်းဖလားပွဲကိုတော့လာမည့်သြဂုတ်လ၅ရက်နေ့ည၈နာရီခွဲအချိန်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။