Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ လက်ရှိမှာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုအရမ်းကိုမြင့်တက်နေတဲ့သီချင်းဆိုပြိုင်ပွဲကြီးတစ်ခုပဲဖြစ်ပါတယ်။ပရိသတ်တွေတစ်ခဲနက်အားပေးမှုတွေနဲ့အတူ နောက်ဆုံး Grand Final ပြိုင်ပွဲကြီးကိုတော့ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ကတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ဧရာဝတီတိုင်းသားလေး ဖြိုးမြတ်အောင်တစ်ယောက် Grand Final ပြိုင်ပွဲကြီးမယှဉ်ပြိုင်မှီ မွေးရပ်မြေသို့အလည်ပြန်ခဲ့ တယ်လို့သိရပါတယ်။

ဖြိုးမြတ်အောင်ကတော့နောက်ဆုံးပြိုင်ပွဲကြီးမယှဉ်ပြိုင်ခင်မှာ ခေတ္တအိမ်ပြန်ခွင့်ရခဲ့တာတောင် မွေးရပ်ဌာနေဖြစ်တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ကိုပျော်ရွှင်စွာပြန်နေတာပဲဖြစ်ပါတယ်။မွေးရပ်မြေကပရိသတ်တွေကလည်း တကယ့်ကိုသောင်းသောင်းပျပျကြိုဆိုဂုဏ်ပြုကြတဲ့ မြင်ကွင်းပုံရိပ်လေးတွေကလည်း တကယ့်ကိုကြည်နူးစရာကောင်းလှပါတယ်။ဖြိုးမြတ်အောင်ကတော့ အိမ်ပြန်ခရီးလမ်းမှာ စောင့်မျှော် အားပေးဝန်းရံကြတဲ့ ဇာတိမြေက ပရိတ်သတ်တွေနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့တာဖြစ်ပြီး အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးရင်း ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေလေးတွေကို ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီနေ့မွေးရပ်မြေကိုခေတ္တပြန်ခွင့်ရခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့အိမ်အပြန်ခရီးလေးဟာ မကြာခင်မှာယှဉ်ပြိုင်မယ့် နောက်ဆုံး Grand Final ပြိုင်ပွဲကြီးအတွက်အားအင်အသစ်တွေကိုရရှိစေမှာအမှန်ပါပဲ။ပရိသတ်တွေရဲ့တစ်ခဲနက်ဝန်းရံမှု အားပေးမှုတွေနဲ့ ပရိသတ်တွေရစေချင်တဲ့ Winnerဆိုကြီးကိုဖြိုးမြတ်အောင်တစ်ယောက်ဆွတ်ခူးနိုင်မလားဆိုတာ ပရိသတ်တွေလည်းအရမ်းရင်ခုန်နေကြမယ်ထင်ပါတယ်။ပရိသတ်တွေအတွက်တော့အရမ်းကိုပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ဖြိုးမြတ်အောင်ရဲ့ မွေးရပ်မြေသို့ပြန်ခဲ့တဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဖြိုးမြတ်အောင်

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။